DVB Logo
Home
မြန်မာသတင်း
ဂျပန်ရောက် မြန်မာကျောင်းသားများအား ကုမ္ပဏီကြီးများက အလုပ်လျှောက်လွှာ ကြိုတင်လက်ခံ
DVB
·
February 19, 2017
ဂျပန်ရောက် မြန်မာကျောင်းသားများအား ကုမ္ပဏီကြီးများက အလုပ်လျှောက်လွှာ ကြိုတင်လက်ခံ
1 / 5
Donate to DVB

ဂျပန်နိုင်ငံရောက် မြန်မာကျောင်းသားများအတွက် ရည်ရွယ်ပြီး MyanmarJob Fair2017 ကိုတိုကျိုမြို့ အဆကုဆမှာ ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

၂၁၀၇ ခုနှစ် ၃ လပိုင်းနဲ့  ၂၀၁၈ ခု ကျောင်းပြီးမယ့် ဂျပန်ရောက်မြန်မာကျောင်းသား ၃၀၀ ကျော်လာရောက်ခဲ့ကြပြီး ကြိုတင်ပြီး အလုပ်ခေါ်ချင်ကြတဲ့ ကုမ္ပဏီကြီး ၁၁ ခုက လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းပြောဆိုပြီး အလုပ်လျှောက်လွှာများ လက်ခံပေးခဲ့ပါတယ်။

“လက်ရှိမြန်မာနိုင်ငံမှာလည်း ဂျပန်ရဲ့ အင်အားကြီး ကုမ္ပဏီကြီးတွေအပါအ၀င် ဂျပန်ကုမ္ပဏီ ၆၀၀ ကျော် လာရောက်လုပ်ကိုင်နေပြီမို့ ဂျပန်နိုင်ငံမှာပဲ ဆက်လုပ်လုပ်၊ မြန်မာနိုင်ငံကိုပဲ ပြန်လုပ်လုပ် အဆင်ပြေအောင် ကြားဝင်ဆောင်ရွက်ပေးတာပါ” လို့  စီစဉ်ဆောင်ရွက်သူ ARBEIT TIMES ကုမ္မဏီ က မခိုင်ဇင်ကျော်က ဒီဗွီဘီ ကိုပြောပြခဲ့ပါတယ်။

အိုင်တီလုပ်ငန်း ဥပဒေအကျိုးဆောင်လုပ်ငန်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ သက်ကြီးရွယ်ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်း အပါအ၀င်လ လုပ်ငန်းကဏ္ဍပေါင်းစုံမှ လာရောက်အလုပ်ခေါ်ယူခဲ့တာ တွေ့ရပါတယ်။

မြန်မာကျောင်းသား လူငယ်အများစုက အိုင်တီလုပ်ငန်းကုမ္ပဏီနဲ့ ဆောက်လုပ်ရေးဆိုင်ရာကုမ္ပဏီတွေကို အထူးအာရုံစိုက်လေ့လာကြတာတွေ့ ရပါတယ်။

edogawa တက္ကသိုလ် တတိယနှစ်ကျောင်းသား ကိုရတနာထွန်းကတော့ သူ့အနေနဲ့ လောလောဆယ်ကွန်ပျူတာသင်ယူနေပေမယ့် ဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းကို စိတ်ဝင်စားပြီး ရွေးချယ်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

Web System နောက်ဆုံးနှစ်တက္ကသိုလ်ကျောင်းသူ မမြင့်မြင့်စန်းက သူမအနေနဲ့ ပြီးခဲ့တဲ့နှစ် Myanmar Job Fair 2016 မှာ ကတည်းက Web System နဲ့ ပတ်သက်ပြီး အလုပ်လျှောက်ခဲ့ရာ အဆိုပါကုမ္ပဏီမှ အလုပ်ကြိုတင်ခန့်ထားပြီးဖြစ်လို့ ကျောင်းအပြီး အလုပ်ချက်ချင်းဝင်ရမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဂျပန်နိုင်ငံမှာ တရားဝင် နိုင်ငံခြားသားအလုပ်လုပ်ကိုင်နေသူ ၁.၈ သန်းရှိနေတယ်လို့ ၂၀၁၆ ခုနှစ်အကုန်ပိုင်းမှာ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံမှာ မြန်မာကျောင်းသား ၁၅၀၀ ကျော်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ဂျပန်မှာ အလုပ်အကိုင်ရရင် မြန်မာနိုင်ငံအတွက် တဖက်တလမ်းက နိုင်ငံခြားဝင်ငွေ ရနိုင်သလို ရေရှည် မြန်မာနိုင်ငံအတွက်လည်း ဂျပန်ရဲ့ ကောင်းမွန်တဲ့ နည်းပညာတွေ ရရှိနိုင်တယ်လို့လည်း မခိုင်ဇင်ကျော်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013