DVB Logo
Home
မြန်မာသတင်း
ကုမ္ပဏီကား နွားကိုဝင်တိုက်မှု ဖြေရှင်းပေးရန် ဒေသခံများ ပိတ်ဆို့တောင်းဆို
DVB
·
February 19, 2017
ကုမ္ပဏီကား နွားကိုဝင်တိုက်မှု ဖြေရှင်းပေးရန် ဒေသခံများ ပိတ်ဆို့တောင်းဆို
1 / 5
Donate to DVB

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွင်းမှာ အသုံးပြုတဲ့ ကျောက်သယ်ကားတစ်စင်းဟာ ဒေသခံမိုးကြိုးပြင်ကျေးရွာက  နွားတကောင်အား ဝင်တိုက်မိတာကို မကျေနပ်လို့ ဒေသခံတွေက လမ်းကို ပိတ်ဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီလောက်က ကျောက်သယ်ကားတစီးက နွားတကောင်ကို ၀င်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဒေသခံရွာသားတွေက မကျေနပ်လို့  မုံရွာ-ပုံသိမ် ကားလမ်းကို ပိတ်ဆို့ထားလို့ ၀မ်ပေါင် ကုမ္ပဏီက ကျေက်သယ်ကား အစီး ၁၀၀ နီးပါးလောက် မိုးကြိုးပြင်ရွာအနီး လမ်းဘေးမှာ ရပ်တန့် ထားခဲ့ရပါတယ်။

“ကုမ္ပဏီဘက်က ဖြေရှင်းမှုကို စောင့်နေတယ်။ ဒီကိစ္စတာဝန်ယူမှုရှိသင့်တယ်။ နွားက သေဖို့များပြီး ကျေနပ်အောင် ဖြေရှင်းပေးမှ လမ်းဖွင့်ပေးမှာပဲ ဖြစ်ပါတယ်” လို့ မိုးကြိုးပြင်ကျေးရွာသား ကိုဖိုးဇော်က ပြောပါတယ်။

ကျောက်သယ်ကားဟာ ဆားလင်းကြီးမြို့နယ် မင်းတောကျေးရွာမှ ဝမ်ပေါင်ကုမ္ပဏီကို ကျောက်တင်ပို့ရတဲ့ ကားဖြစ်ပြီး အခုလိုနွားဝင်တိုက်မိတဲ့ကိစ္စကို ဒေသခံအာဏာပိုင်နဲ့ ကုမ္ပဏီဘက်မှ ညနေချိန်ထိ လာရောက်ဖြေရှင်းပေးမှု မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013