DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနား စွန်ပရာဘွန်လမ်းတွင် တရားမ၀င်သစ် ၂၉၅ တန် ဖမ်းမိ
DVB
·
February 19, 2017
မြစ်ကြီးနား စွန်ပရာဘွန်လမ်းတွင် တရားမ၀င်သစ် ၂၉၅ တန် ဖမ်းမိ
1 / 6
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနား-စွန်ပရာဘွန်ကားလမ်းမှာ တရားမ၀င်သစ်တန်ချိန် ၂၉၅ တန်နဲ့ အတူ သစ်စက် ၂ လုံး၊ သစ်တင်ကား ၁၀ စီးနဲ့ တရားခံ ၁၃ ဦး ဖမ်းမိထားတယ်လို့ သစ်တောဌာနက သတင်းထုတ်ပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မနက် ၄ နာရီခွဲလောက်မှာ သစ်တောဝန်ထမ်းများအဖွဲ့က သတင်းအရ စောင့်ဆိုင်းဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြီးနား-စွန်ပရာဘွန်လမ်း မိုင်တိုင် ၈ အနီးမှာ ထွေလာဂျီ ၉ စီးနဲ့ တင်လာတဲ့ တရားမ၀င် ကြေးလန်သစ်ခွဲသား ၁၉ တန်လောက်ကို တရားခံ ၉ ဦးနဲ့ စတင်ဖမ်းမိခဲ့ပါတယ်။

အဲဒီနောက် သစ်တင်ကားတစီးမောင်လာတာတွေ့လို့ တားတဲ့အခါ ရပ်မပေးဘဲ မောင်းပြေးလို့ လိုက်ဖမ်းခဲ့ရာမှာ ကားပေါ်ပါ တရားမ၀င်ကြေးလန်သစ်ခွဲသား ၆ တန်နဲ့ တရားခံ ၂ ဦးကို ထပ် ဖမ်းမိခဲ့ပါတယ်။

ကားဖမ်းမိတဲ့ အနီးတ၀ိုက် လိုက်လံရှင်းလင်းခဲ့ရာမှာတော့ တရားမ၀င် သစ်စက် ၂ လုံး၊ တရားမ၀င်သစ်တန်ချိန် ၂၇၀ လောက်နဲ့ တရားခံ ၂ ဦးကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013