DVB Logo
Home
မြန်မာသတင်း
ပြင်သစ်တဦး ဇွဲကပင်တောင်ပေါ်မှ ခုန်ချသတ်သေ၊ ၀မ်း တူး သရီး ဆိုပြီး ဒိုင်ဗင်ထိုးချလိုက်တယ် - ရဲအုပ်
DVB
·
February 19, 2017
ပြင်သစ်တဦး ဇွဲကပင်တောင်ပေါ်မှ ခုန်ချသတ်သေ၊ ၀မ်း တူး သရီး ဆိုပြီး ဒိုင်ဗင်ထိုးချလိုက်တယ် - ရဲအုပ်
1 / 9
Donate to DVB

ကရင်ပြည်နယ်၊ ဇွဲကပင်တောင်ပေါ်ကနေ ပြင်သစ်နိုင်ငံသားတဦး ခုန်ချပြီး သတ်သေမှုတခု ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

ဘားအံမြို့နယ်၊ ထုံးအိုင်ရဲစခန်းမှ ရဲအုပ်ညီညီမိုးက မျက်မြင်တွေ အပြောအရ အသက် ၃၇ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသားဟာ ဇွဲကပင်တောင်ပေါ်ကနေ ဒိုင်ဗင်ထိုးချသွားတာလို့ ပြောပါတယ်။

“မျက်မြင်သက်သေ ၂ ယောက် ပြောပြချက်အရ သူက ဇွဲကပင်တောင်ရဲ့ အမြင့်ဆုံးကို တက်တယ်၊ တောင်ပေါ်မှာ နတ်နန်းရှိတယ်၊ နတ်နန်းရဲ့ ခေါင်မိုးပေါ် တက်တယ်၊ ခေါင်မိုးပေါ်တက်ပြီးတော့ သူ ပါလာတဲ့ ခါးပတ်အိတ်လေး ရှိတယ်၊ ခါးပတ်အိတ်လေးကို သူ ပစ်ထုတ်လိုက်တယ်၊ ပစ်ထုတ်လိုက်ပြီးတော့ ၀မ်း တူး သရီး ဆိုပြီး ဒိုင်ဗင် ထိုးချလိုက်တယ်”
၂၇၃၄ ပေ မြင့်တဲ့ ဇွဲကပင်တောင်ပေါ်က ခုန်ချခဲ့တဲ့ ပြင်သစ်နိုင်ငံသားရဲ့ အလောင်းကို ပေ ၁၆၀ အမြင့်ရှိ တောင်ကပါးယံက သစ်ပင်ပေါ်မှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ရဲက ပြင်သစ်သံရုံးကို ဆက်သွယ်အကြောင်းကြားထားပြီး အလောင်းကို ဆေးရုံပို့ထားပါတယ်။

တောင်ပေါ်က ခုန်ချသတ်သေသွားတဲ့ ပြင်သစ်နိုင်ငံသားရဲ့အလောင်းကို ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းကျမှ ရှာဖွေတွေ့ရှိပြီး တောင်ပေါ်ကို ခက်ခက်ခဲခဲ သယ်ယူခဲ့ရာမှာ ဒီနေ့ည ၁ နာရီကျမှ တောင်အောက်ရောက်ရှိခဲ့ပါတယ်။

ဓာတ်ပုံ - ထိန်လင်းမျိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013