DVB Logo
Home
မြန်မာသတင်း
အလောင်းတော်ကဿပ ဘုရားဖူးကား တိမ်းမှောက်၊ အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
February 18, 2017
အလောင်းတော်ကဿပ ဘုရားဖူးကား တိမ်းမှောက်၊ အမျိုးသမီး ၁ ဦးသေဆုံး
Donate to DVB

ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်၊ ကွမ်းစပ်ရွာအနီး၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကို သွားရာလမ်း မိုင်တိုင်အမှတ် ၈ နဲ့ကြားမှာ နိုင်မျိုးလင်း မောင်းနှင်လာတဲ့ 9H/8019 ခဲရောင်စူပါကာစတန် ဘုရားဖူးကားက ရှေ့ဘီးပေါက်ကာ တိမ်းမှောက်ခဲ့လို့

ကားပေါ်မှာ ဘုရားဖူးခရီးသည် ၆ ဦးလိုက်ပါလာခဲ့ပြီး ကားမှောက်မှုကြောင့် ကာပေါ်ပါလာသူ မချိုမြသီ ၃၂ နှစ် မှာ နေရာတင် သေဆုံးခဲ့ပါတယ်။

ကျန်တဲ့သူတွေ ဒဏ်ရာအသီးသီးရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ကုတင် ၅၀၀ မုံရွာပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေလုပ်ဆောင်နေပါတယ်။

ကားမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း နိုင်မျိုးလင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှု ယာဉ်(ပ)၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၇ အရ ယင်းမာပင်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။.

ဒီနှစ် ဘုရားဖူးရာသီ အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ဇန်နဝါရီ ၇ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဖွင့်ပြီး ၁ ပတ်အတွင်းမှာပဲ လူအသေအပျောက်မရှိပေမယ့် ယာဉ်မတော်တဆမှု တခုဖြစ်ခဲ့ပါသေးတယ်။

ဇန်နဝါရီအတွင်းမှာပဲ ဘုရားဖူးကားပေါ်က အမျိုးသမီး၁ဦး ပြုတ်ကျသေဆုံးခဲ့ပါသေးတယ်။ ယခုနှစ်အတွင်း အလောင်းတော်ကဿပလမ်းမှာ ယာဉ်မတော်တဆမှု ၂ ကြိမ်၊ ကားပေါ်ကပြုတ်ကျလို့ သေဆုံးမှု ၁ ကြိမ်တို့ အသီးသီးဖြစ်ပွားခဲ့ပြီး ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်ပါတယ်။

ဘုရားဖူးခရီးသွားယာဉ်တွေနဲ့ ပတ်သက်ပြီး ယာဉ်မတော်တဆမှုတွေမဖြစ်ပွားရအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က စည်းကမ်းချက်တွေ ထုတ်ပြန်ထားတာလည်းရှိပါတယ်။

ထော်လာဂျီနဲ့ အိမ်စီးကားအချို့ကို တောင်ပေါ်လမ်းမှာ သွားလာခွင့်ပိတ်ပင်ထားပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013