DVB Logo
Home
မြန်မာသတင်း
အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ရန်ရှိ
DVB
·
February 18, 2017
အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ရန်ရှိ
Donate to DVB

အစိုးရအဖွဲ့အပြောင်းအလဲလုပ်ဖို့ရှိနေပြီး ပြည်နယ်တိုင်းဝန်ကြီးချုပ် နောက်တဦးလည်း အနားပေးဖို့ ရှိတယ်လို့ အန်အယ်လ်ဒီထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုကျင်းပပြုလုပ်နေတဲ့ ပြည်ထောင်စုလွှတ်တော် မရပ်နားခင်မှာပဲ ဒီအပြောင်းအလဲတွေကို တွေ့မြင်ကြရမယ်လို့လည်း ပြောပါတယ်။

“လွှတ်တော် ဟောလီးဒေး မတိုင်ခင်ဖြစ်ဖို့ များတယ်။ ဧပြီလ လွှတ်တော် မနားခင်လို့ ကြားတယ်။ စီးပွားကူးသန်း ကြားနေတယ်ဗျာ၊ နောက် သာသနာရေး ကြားတယ်ဗျာ၊ သာသနာရေးကတော့ သူ့ကို တခြား တနေရာ ပြောင်းမယ် ကြားတယ်၊ အခု မွန်ဝန်ကြီးချုပ်အပြင် နောက် တိုင်းဝန်ကြီးချုပ်တဦးလည်း ကြားထားတယ်။ ၀န်ကြီးချုပ်က ၂ယောက်လို့ ပြောတယ်။”

ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူ နောက်တဦးကလည်း လက်ရှိ အစိုးရအဖွဲ့မှာ ပါတီထိပ်တန်းခေါင်းဆောင်တွေ ပါဝင်တာနည်းတဲ့အတွက် အစားထိုးလဲလှယ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“အပေါ်ပိုင်း ကက်ဘိနက်ပိုင်းမှာက ပါတီထိပ်ပိုင်း စီအီးစီက မပါဘူး၊ အန်တီက လွဲလို့ပေါ့။ နောက် အရေးပါ အရာရောက်တယ်ဆိုတဲ့ နေရာတွေမှာ ပါတီလုပ်ငန်းအပေါ်မှာ တစိုက်မတ်မတ် လုပ်ခဲ့တဲ့သူတွေ နည်းနည်း နည်းတယ်၊ အဲဒီမှာ ဘာခေါ်မလဲ နိုင်ငံရေး သမားမပီသဘူး၊ ပြည်သူ့အတွက် မဖောက်ထွက်ရဲကြဘူး၊ တကယ့် ပြောင်းလဲမယ့်လူကျ နိုင်ငံရေးသမားမှ ပြောင်းရဲမှာ”

နိုင်ငံရေးသုတေသီ ဒေါက်တာရန်မျိုးသိန်းကတော့ လူပြောင်းရုံတင်မဟုတ်ဘဲ ပေါ်လစီလည်း ပြောင်းဖို့လိုတယ်လို့ သုံးသပ်ပါတယ်။

“အခုက အစိုးရထဲမှာရော လွှတ်တော်ထဲမှာရော ဗဟိုချုပ်ကိုင်မှုက အရမ်း များနေတယ်။ အဲဒါတွေကို ထိန်းကျောင်း လျှော့ချနိုင်မယ့် မူမျိုးတွေကို အစိုးရအဖွဲ့မှာရော လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေမှာရော ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။”

အစိုးရအဖွဲ့သက်တမ်း တနှစ်မပြည့်ခင် ဒီနေ့မှာပဲ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက သူ နုတ် ထွက်တော့မယ်လို့ ထုတ်ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013