DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် မြေသယ်ကားတစီး တိမ်းမှောက်၊ ၃ ဦးသေ
DVB
·
February 18, 2017
မိုးညှင်းတွင် မြေသယ်ကားတစီး တိမ်းမှောက်၊ ၃ ဦးသေ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး နမ္မချီ မှော်နဲ့ ဝဠာမှော်သွားကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ ဆယ်ဘီးမြေသယ်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ လူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဖြစ်စဉ်မှာ မော်ဟန်ကျေးရွာအနောက်ဘက် မိုင် ၆၀ လောက်အကွာ ဝဠာမှော်နဲ့ နမ္မချီမှော်ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ နေလင်း မောင်းနှင်လာတဲ့ နီဆန်းယူဒီ အမျိုးအစား အစိမ်းရောင်ဆယ်ဘီးကား အရှိန်မထိမ်းနိုင်ပဲ လမ်းရဲ့ယာဘက်ကို တိမ်းမှောက်ခဲ့တာ လို့ မိုးညှင်းရဲ့စခန်းက ပြောပါတယ်။

ကားပေါ်လိုက်ပါလာတဲ့ ဦးကျော်မြိုင်၊ ကိုငယ်လေးနဲ့ မောင်ထက်ထက်တို့ ၃ ဦးသေဆုံးခဲ့ကြပြီး အောင်ဇော်မိုး၊ ဦးသန်းနိုင်နဲ့ ဦးနှင်းလွင်တို့ ၃ ဦးကို မိုးညှင်းခရိုင်ပြည်သူ့ ဆေးရုံကြီးကို အတွင်းလူနာအဖြစ်ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်ဖြစ်သူကတော့ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်း ရှောင်သွားတယ်လို့ ဆိုပါတယ်။

မိုးညှင်းမြို့အမှတ် ၁၀၁ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး မြင့်မိုးက တရားလိုပြုလုပ်ပြီး အမှုစစ် ဒုရဲအုပ် အေးမင်းက ယာဉ်အား မဆင်မခြင်မောင်နှင်တဲ့ နေလင်းအား မိုးညှင်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ နဲ့ အမှုဖွင့် တရားစွဲဆိုထားပြီး တိမ်းရှောင်နေတဲ့ ယာဉ်မောင်းကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013