DVB Logo
Home
မြန်မာသတင်း
အစိုးရသက်တမ်း ၁ နှစ်အတွင်း ပထမဆုံး မွန်ဝန်ကြီးချုပ် နုတ်ထွက်မည်
DVB
·
February 18, 2017
အစိုးရသက်တမ်း ၁ နှစ်အတွင်း ပထမဆုံး မွန်ဝန်ကြီးချုပ် နုတ်ထွက်မည်
Donate to DVB

အစိုးရသစ်သက်တမ်း ၁ နှစ် မပြည့်ခင် ပထမဆုံး ၀န်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်စာတင်တော့မယ်လို့ ကာယကံရှင်ဖြစ်တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

သူ့အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်တာပဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“နုတ်ထွက်တော့မယ်လေ၊ တရားဝင်ကြေညာပေးလိုက်တာပါ။ တနင်္လာနေ့ တင်တော့မယ်၊ ပြောခဲ့ဖူးတယ်လေ။ ကျနော့် အခက်အခဲနဲ့ ကျနော့် အနေအထားတွေကို အားလုံးလည်း သိပါတယ်။ ကျနော် လုပ်သင့် လုပ်ထိုက်တဲ့ဟာကို လုပ်သင့်တဲ့အချိန်မှာ လုပ်ပေးလိုက်တာပါ။ နည်းနည်းလေး ညှိနှိုင်းပြီး အချိန်လေး စောင့်နေရလို့ ဒီလောက်ကြာသွားတာ။ ကျနော် နောက်ရက်မှာ ရုံးတက်ဦးမယ်လေ၊ လာမေးကြပေါ့၊ လွတ်လွတ်လပ်လပ် ဖြေပေးပါ့မယ်နော်။ အခုကတော့ ဒီ မနက် ဒါပဲ တောက်လျှောက် ဖြေနေရလို့လေ။”

အစိုးရသစ်သက်တမ်း ၁ နှစ် မပြည့်ခင် ၀န်ကြီးချုပ်တဦး ပထမဆုံး နုတ်ထွက်တာဖြစ်ပြီး သူ့ကို တိုင်ကြားမှုတွေရှိခဲ့လို့ ပါတီက စစ်ဆေးခဲ့ဖူးပါတယ်။

အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း ခေါင်းဆောင်တဲ့ အဖွဲ့က ပြီးခဲ့တဲ့ နှစ်ထဲမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပါတယ်။

အဲဒီနောက် မွန်ဝန်ကြီးချုပ်က အခုလို နုတ်ထွက်တော့မယ်လို့ သူ့ဖေ့စ်ဘွတ်ကနေ အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013