DVB Logo
Home
မြန်မာသတင်း
သာစည်တွင် ကျပ်သိန်း ၁၂၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ
DVB
·
February 17, 2017
သာစည်တွင် ကျပ်သိန်း ၁၂၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်များ ဖမ်းမိ
1 / 6
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ လှိုင်းတက်ရွာ အရှေ့ဘက် ၁ မိုင်လောက်က ဦးကျော်နိုင်ဦးရဲ့ သရက်ခြံအတွင်း ခွဲစိတ်ထားတဲ့ သစ်မာမျိုးစုံ ၃၅ တန်ခန့်၊ ကာလတန်ကြေး ကျပ်သိန်း ၁၂၀ ကျော်ဖိုး ဖမ်းဆီးမိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၄ နာရီလောက်မှာ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောခိုင်ဦး ဦးဆောင်တဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဖမ်းဆီးသိမ်းဆည်းပြီး ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၄ နာရီမှာ သာစည် မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ခရိုင်သစ်တောဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစောခိုင်ဦးက “တရားမဝင်သစ်တွေ ရှိနေတယ်လို့ သတင်းရရချင်း သစ်တောဝန်ထမ်း ၁၉ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ NLD ပါတီဝင်တွေ အပါအဝင် ပူးပေါင်းအဖွဲ့ဟာ ပိတောက်သား အများဆုံးပါတဲ့ သစ်မာမျိုးစုံ ဖမ်းဆီးရမိပါတယ်။ ကာာလတန်ကြေး ကျပ်ငွေ သိန်းပေါင်း ၁၂၀ ကျော်ပေါ့။ သစ်တန်ပေတိုင်းထွာပြီး သာစည်သစ်တောရုံးထဲ ရွှေ့ပြောင်းနေရတော့ ဒီနေ့မှာ အမှုဖွင့်လိုက်ရတယ်” လို့ ပြောပြပါတယ်။

သာစည်မြို့မစခန်းမှူး ဒုရဲမှူး ဇော်မျိုးသန်းက “ပိတောက်သား ၄၉၃ ချောင်း၊ ပျဉ်းကတိုး ၂၇ ချောင်း၊ သစ်စေးသား ၃၄ ချောင်း၊ စုစုပေါင်း ၅၅၄ ချောင်း၊ တန်အားဖြင့် ၃၅ ဒသမ ၃၈၈၆ တန် ဖမ်းမိပါတယ်။ ဦးကျော်နိုင်ဦး သရက်ခြံထဲတွေ့ပြီး ပိုင်ရှင်က ဝမ်းတွင်းမြို့က ဦးခိုင်ထွန်းပါ” လို့ ပြောပြပါတယ်။

“သဘာဝဂေဟစနစ်တွေ ပျက်စီးနေတာဟာ၊ သစ်ပင်တွေကို မဆင်မခြင်ခုတ်ပြီး သစ်မှောင်ခိုလုပ် စီးပွားရှာသူတွေကြောင့် ဖြစ်တယ်” လို့ လှိုင်းတက်ရွာနေ ကိုညီညီက ပြောပါတယ်။

တရားမဝင်သစ်ခွဲသားများ ထားရှိတဲ့ ဦးကျော်နိုင်ဦးနဲ့ ဦးခိုင်ထွန်းတို့ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စေင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁)၊ အမှုအမှတ် (ပ)၄၃/၂၀၁၇ ဖြင့် သစ်တောဦးစီးမှူး ဦးစိုးလွင်သူက တရားလိုပြုလုပ် အမှုဖွင့်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013