
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အပေါ်ဘလောက်က အမှိုက်ပုံတခုမှာ ကျည်ဘောက်တွေ တွေ့ရှိခဲ့ပါတယ်။
ဒီနေ့မနက် ၁၀ နာရီကျော်လောက် တာဝန်သိပြည်သူတယာက်ရဲ့ အသိပေးချက်အရ သွားရောက်စစ်ဆေးရာမှာ လက်နက်နဲ့ ဆက်စပ်တဲ့ ကျည်ဘောက်တွေ တွေ့ရှိတာလို့ ပန်းဘဲတန်းမြို့နယ်ရဲစခန်းက ရဲအုပ် စောကိုကိုလင်းက ပြောပါတယ်။
“လက်နက်မဟုတ်ဘူး အစ်မ၊ ဆက်စပ်ပစ္စည်းဗျာ။ အသုံးပြုလို့ မရတဲ့ ပစ္စည်းကျည်ဘောက်တွေပဲ တွေ့တာဗျာ။ ၅ ခုလောက် တွေ့တယ်ဗျာ။ သူက ပိုင်ရှင်မဲ့ဖြစ်နေတဲ့အတွက် ပိုင်ရှင်မပေါ်သေးတဲ့အတွက် အရေးယူလို့ မရသေးဘူး။”
ဒီနေ့ မနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် အနော်ရထာလမ်းနဲ့ လမ်း ၃၀ ထောင့်အနီး လက်နက်တွေ့တယ်ဆိုတဲ့ သတင်းတွေထွက်တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြရပါတယ်။
ရဲအုပ်စောကိုကိုလင်းကတော့ စိုးရိမ်စရာမရှိကြောင်းနဲ့ ဒီပစ္စည်းတွေ သံချေးတက်နေတဲ့ ကျည်ဘောက်တွေသာဖြစ်ကြောင်းလည်း ပြောပါတယ်။











