DVB Logo
Home
မြန်မာသတင်း
ကားတင်သွင်းသည့် မူဝါဒအသစ်ကြောင့် ကားဈေးကွက် အရောင်းအဝယ်အေးနေ
DVB
·
February 17, 2017
ကားတင်သွင်းသည့် မူဝါဒအသစ်ကြောင့် ကားဈေးကွက် အရောင်းအဝယ်အေးနေ
Donate to DVB

ကားတင်သွင်းတဲ့ မူဝါဒအသစ်ကြောင့် ကားဈေးကွက် အေးနေတယ်လို့ ဝယ်ရောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကားတင်သွင်းတဲ့ မူဝါဒအသစ်မှာ ဝင်ငွေခွန်အပြင် အထူးကုန်စည်ခွန်ပါ ပါလာတာကြောင့် ကားဈေးတွေ နည်းနည်းတက်နေပြီး အရောင်းအဝယ်က သိသိသာသာ အေးနေတာပါ။

“လက်ရှိ အရောင်းအဝယ်အခြေအနေက အလွန်အေးပါတယ်။ အေးရတဲ့အကြောင်းအရာက မူဝါဒတွေက မငြိမ်ဘူး။ အဓိကပြောရင်တော့ မူဝါဒမငြိမ်လို့ ဖြစ်နေတဲ့ အခြေအနေပဲ။ အရင်ကဆိုရင် ပွက်လောရိုက်နေတာ။ ဟိုနားတစု၊ ဒီနားတစု၊ ဟိုနားက ဝယ်မယ်၊ ဒီနားက ဝယ်မယ်။ အုပ်စုလိုက် အရောင်းအဝယ် စာချုပ်ချုပ်တဲ့လူနဲ့ ဝယ်တဲ့လူနဲ့ ကားကြည့်တဲ့လူနဲ့။ အခုတော့ တိတ်ဆိတ်နေတာပဲ” လို့ သိမ်ဖြူကားရောင်းဝယ်ရေးလုပ်ငန်းရှင်းများ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောပါတယ်။

မူဝါဒအသစ်ကို လာမယ့် ဧပြီလမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး အဲဒီကာလ ရောက်ရင်တော့ ကားဈေးတွေ ထက်ဝက်လောက် ပိုတက်သွားနိုင်တယ်လို့ အရောင်းအဝယ်သမားတွေက ခန့်မှန်းပါတယ်။

“အခွန်ပေါ်မှာ အခွန်ဆင့်တော့ ကားဈေးတွေက မလိုအပ်ဘဲနဲ့ တက်နေတယ်။ ပြည်သူတွေက သူတို့ တကယ် ကားစီးတဲ့အချိန်မှာ အခွန်တွေက နှစ်ခွန်၊ သုံးခွန် ဖြစ်ကုန်ရော။ မလိုအပ်ဘဲနဲ့ သူတို့ ပိုက်ဆံပိုကုန်တာပေါ့။ အရင်တုန်းက ၁၀၀ အောက်မှာ ၇၀၊ ၈၀၊ ၉၀ ပေါ့နော်။ ၉၀ အောက်ကားက ဒီလိုသာ လာမယ့်ဧပြီမှာ စမယ့် စနစ်သစ်ကို သွားမယ်ဆိုရင် သိန်း ၂၀၀ ကျော်သွားမယ်။ ဒါက ကားသမားတွေ ဆွဲတင်လို့ တက်သွားတဲ့ ဈေးနှုန်းမဟုတ်ပါဘူး။ ဂျပန်ဈေးလည်း ငွေဈေးတက်တယ် ဆိုပေမယ့် သူ့အထိုက်အလျောက်နဲ့သူ တက်တယ်။ အဲလိုမှ အပိုဆောင်းထည့်လိုက်ရတာ အခွန် နှစ်ခွန် ဖြစ်သွားမယ်။ သဘောတခုက တိုက်ကြိုစလစ်ဈေးက လက်ရှိဈေးပဲ ခန့်မှန်းမယ်လေ။ ၁၀၀ ဝန်းကျင် ရှိနေတယ်။ ဒီအပေါ်မှာ အရင် ကားကို ၁၀၀ ဝန်းကျင်ပေါင်း။ ပြီးတော့ အခွန်တွေလည်း အပြောင်းအလဲ ဖြစ်သွားတော့ ကားဈေးက ၂၀၀ အပေါ်မှာ ဖြစ်သွားဖို့ ရှိပါတယ်” လို့ သိမ်ဖြူကားရောင်းဝယ်ရေးလုပ်ငန်းရှင်းများ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်ကားဈေးကွက်မှာ ကားတင်သွင်းခွင့်ကို ပိတ်သိမ်းထားပါတယ်။ ဒါကြောင့် ကားတင်သွင်းသူတွေအနေနဲ့တော့ ဧပြီလက စလို့ ဘယ်မောင်းတွေပဲ တင်သွင်းခွင့်ရှိမှာဖြစ်ပြီး ၂၀၁၅၊ ၁၆၊ ၁၇ ခုနှစ် မော်ဒယ်တွေပဲ တင်သွင်းခွင့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားတင်သွင်းတဲ့ မူဝါဒအသစ်မှာတော့ တဦးချင်း လွတ်လပ်စွာ တင်သွင်းခွင့် ဖရီးပါမစ် မပေးတော့ဘဲ အိုဟောင်း စလစ်ကတ်နဲ့ပဲ တင်သွင်းခွင့်ပြုတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013