
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တို့ နေပြည်တော်မှာ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ သမ္မတရုံး ဒုညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ယူအန်အက်ဖ်စီရဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဒီပီအန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းထားတာကို အတိုင်ပင်ခံရုံးက တွေ့မယ်လို့ မနေ့က အကြောင်းပြန်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
“ပထမဆုံးက ဒီပီအန်ကနေပြီးတော့ ငြိမ်းချမ်းရေးကော်မရှင်ကနေတဆင့် အတိုင်ပင်ခံဆီကို တွေ့ဆုံခွင့် တောင်းပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး တွေ့ဆုံဖို့ ပြန်ကြားထားတာဖြစ်ပါတယ်။”
ဒီတွေ့ဆုံပွဲကို အခု ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်း နေပြည်တော်မှာတွေ့ဆုံမှာဖြစ်ပါတယ်။











