DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့ပေါ်က ကျူးကျော်ဘုန်းကြီးကျောင်းများကို မြို့နယ်သံဃာ့နာယကအဖွဲ့က လိုက်လံရှင်းလင်း
DVB
·
February 16, 2017
မုံရွာမြို့ပေါ်က ကျူးကျော်ဘုန်းကြီးကျောင်းများကို မြို့နယ်သံဃာ့နာယကအဖွဲ့က လိုက်လံရှင်းလင်း
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ် လူနေရပ်ကွက်များထဲက ကျူးကျော်ဘုန်းကြီးကျောင်းများကို သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းတွေနဲ့ ကိုက်ညီမှုမရှိလို့ဆိုပြီး မုံရွာမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ၀ိဇ္ဇောဒယနဲ့ မြို့နယ်သာသနာရေးဦးစီး အဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းက လိုက်လံရှင်းလင်း ဖယ်ရှားနေတယ်လို့ သိရပါတယ်။

လူနေအိမ်ကြို အိမ်ကြား၊ တဲကျောင်းတွေ၊ ဘုရားပရ၀ုဏ်၊ ဇရပ်၊ တန်ဆောင်း စတဲ့နေရာတွေမှာ သီတင်းသုံးနေထိုင်နေကြတဲ့ ရဟန်း၊ သာမဏေတွေကို မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နဲ့အဖွဲ့က ရှင်းလင်းဖယ်ရှားနေတာ ဖြစ်ပါတယ် ။

“ကျူးကျော်ဘုန်းကြီးကျောင်းတွေဟာ သံဃာ့အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှု မရှိဘူး။ အဲဒါကြောင့် ရှင်းလင်းဖယ်ရှားရတာဖြစ်တယ်။ သူတို့ရဲ့သက်ဆိုင်ရာ ဆရာ ဥပစ္ဇျာယ်ထံ အပြီးပြန်စေဖို့ မိန့်ကြားတယ်’’လို့  မုံရွာမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ၀ိဇ္ဇောဒယ က မိန့်ကြားတော်မူပါတယ်။

မုံရွာမြို့နယ်တွင်းမှာ သံဃာ့အဖွဲ့အစည်း စည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ကျူးကျော် ဘုန်းကြီးကျောင်း ၅၈ ကျောင်းနဲ့ ကျူးကျော် အဆောက်အဦ ၉၈ ခု ရှိပါတယ်။ အဲဒီ ကျူးကျော်ကျောင်းများမှာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်-၆ နဲ့ ၈ မှ ၁၃ အထိ၊ အခန်း(၆)၊ အပိုဒ်-၄၃ ၊ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ အခန်း (၁၃)  အပိုဒ်-၉၃ ကနေ ၉၅ အထိ ကိုက်ညီမှုမရှိလို့ အခုလို ကျူးကျော်ဘုန်းကြီးကျောင်းတွေကို ရှင်းလင်းဖယ်ရှားနေတာ လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုတိုးကြီး (မုံရွာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013