
တရုတ်နိုင်ငံအရှေ့ပိုင်း ဖှူးကျန်းပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့တာကြောင့် သောကြာနေ့ ညပိုင်းအထိ အန္တရာယ်ရှိတဲ့ ကုန်းတွင်းပိုင်းနဲ့ ကမ်းလွန်ဒေသတွေက စုစုပေါင်း လူဦးရေ ၅၉၉,၃၀ဝ ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ပြည်နယ်ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနဲ့ မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးဌာနချုပ်မှ ပြောပါတယ်။
ဖှူးကျန်းရှိ ပြည်နယ်ဌာနအများအပြားဟာ သဘာဝဘေးဒဏ် ပြင်းပြင်းထန်ထန်ခံလိုက်ရတဲ့ ဒေသ တွေမှာ အရေးပေါ်ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ ယွမ်သန်း ၂၁၀ (အမေရိကန်ဒေါ်လာ ၃၁ သန်းလောက်) ကို အရေးပေါ် ခွဲဝေချထားပေးထားပါတယ်။
ပြည်နယ်ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးနဲ့ မိုးခေါင်ရေရှားကယ်ဆယ်ရေးဌာနချုပ်ဟာ အရေးပေါ် ရေဘေး ထိန်းချုပ်မှု တုံ့ပြန်မှုအဆင့်မှာ တတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၃ နဲ့ တိုင်ဖွန်း မုန်တိုင်းအတွက် တုံ့ပြန်မှုကို အဆင့်-၄ သတ်မှတ်ထားပါတယ်။
၂၀၂၆ ခုနှစ်ရဲ့ ၁၈ ခုမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်တဲ့ "ဆောင်းဒယ်လ်" ဟာ ကြာသပတေးနေ့ မနက်ပိုင်းက ဖှူးကျန်းပြည်နယ်၊ ကျန်းကျိုးမြို့နယ်၊ ဂျန်းဖူး ခရိုင်ထဲကို တတိယအကြိမ်မြောက် ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။
လေပြင်းထန်ပြီး မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သတိပေးထားတဲ့အတွက် သောင်းနဲ့ချီတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဆောင်းဒယ်လ်ကြောင့် ဘေးချင်းကပ်လျက်ရှိ ကျန်းရှီးပြည်နယ်၊ ခရိုင် ၅၃ ခုက ပြည်သူ ၁၂၈,၅၀၀ လည်း ထိခိုက်မှုရှိခဲ့ပြီး ဒေသခံ ၈,၇၀၀ နီးပါးကို အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ ရပါတယ်။
ကျန်းရှီးပြည်နယ် အာဏာပိုင်တွေကတော့ သောကြာနေ့ မနက်ပိုင်းမှာ ရေဘေးအရေးပေါ်တုံ့ပြန်မှု အဆင့်-၄ စတင်ထုတ်ပြန်ခဲ့ပါတယ်။
Source:Reuters











