DVB Logo
Home
မြန်မာသတင်း
မုံရွာသစ်ပါးလွှာစက်ရုံက ၀န်ထမ်းများ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ
DVB
·
February 16, 2017
မုံရွာသစ်ပါးလွှာစက်ရုံက ၀န်ထမ်းများ ထိုင်သပိတ်ပြုလုပ်ဆန္ဒပြ
1 / 8
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံစက်မှုလုပ်ငန်းဌာန လက်အောက်ရှိ အမှတ်-၁ သစ်ပါးလွှာစက်ရုံမှာ ဖေဖော်ဝါရီ ၁၆ ရက်က  ဝန်ထမ်း ၇၀ က စက်ရုံထဲမှာ အလုပ်မဆင်းဘဲ ထိုင်သပိတ် ပြုလုပ်နေကြပါတယ်။

ကုန်ကြမ်းရှားပါးလာတဲ့အတွက် ဖေဖော်ဝါရီ ၁၅ ရက်က စက်ရုံ အလုပ်သမား ၂၀ ကို ဝန်ထမ်းလျှော့ချမှုနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေက နာမည်မကြေညာပေမယ့် ကြိုတင်အကြောင်းကြားခဲ့ပြီး အလုပ်ထုတ်ရာမှာလည်း လုပ်သက်အရ နစ်နာကြေးတွေပါ ပေးချေခဲ့တယ်လို့ သိရပါတယ်။

အမှတ်-၁ သစ်ပါးလွှာစက်ရုံကို အိန္ဒိယအခြေစိုက် Prime Pacific Co,.ltd နဲ့ အကျိုးတူ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ဝန်ထမ်းအင်အားကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်က ၅၀ ဦး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က ၅၀ ဦး၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က ၅၀ ဦး၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ၅၀ ဦးစီ အလုပ်မှရပ်စဲရန် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအထိ ဝန်ထမ်း ၇၀ ကို အလုပ်က ရပ်စဲပြီးပြီဖြစ်ပါတယ်။ အလုပ်ကရပ်စဲခံရတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်က လုပ်သက်အလိုက် နစ်နာကြေးအဖြစ် ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

အလုပ်သမား ပြန်လည်ခန့်ထားရေးနဲ့ ပတ်သက်ပြီး ယနေ့မနက် ၇ နာရီကတည်းက ထိုင်သပိတ်ပြုလုပ်နေကြတာဖြစ်ပြီး လက်ရှိမှာ အလုပ်သမားကိုယ်စားလှယ်တွေနဲ့၊ အလုပ်ရှင်၊ သက်ဆိုင်ရာအစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး ပြေလည်မှုမရမချင်း အလုပ်ချိန်အတွင်း ထိုင်သပိတိပြုလုပ်သွားမယ်လို့ သိရပါတယ်။

ခရိုင်စီခန့်ဥက္ကဋ္ဌနဲ့ မြို့နယ်ရဲတပ်ဖွဲ့တို့က ဆက်လက်ပြီး ထိုင်သပိတ်ပြုလုပ်မည်ဆိုပါက တရားဝင်သက်ဆိုင်ရာကိုစာတင်ပြီး ပြုလုပ်ကြဖို့၊ ဒီတိုင်းလုပ်နေတာက ဥပဒေကြောင်းအရ ဖြစ်လာနိုင်ပြီး လူစုခွဲကာ လုပ်ငန်းခွင်ပြန်ဝင်ကြဖို့ ပြောဆိုတိုက်တွန်းနေကြပါတယ်။

အလုပ်ထုတ်ခံရတဲ့အထဲမှာ အလုပ်သမားခေါင်းဆောင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁၆ ဦးပါဝင်ပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေလည်း ဆုံးရှုံးနေတယ်လို့ စက်ရုံဝန်ထမ်းတွေက ဆိုပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013