DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် ကေအိုင်အို ခေါင်းဆောင်များ လိုင်ဇာတွင် တွေ့ဆုံဆွေးနွေး
DVB
·
February 16, 2017
ကေအန်ယူနှင့် ကေအိုင်အို ခေါင်းဆောင်များ လိုင်ဇာတွင် တွေ့ဆုံဆွေးနွေး
Donate to DVB

 

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်တွေ လိုင်ဇာမှာ  တွေ့ဆုံခဲ့ကြပြီး လက်ရှိ အခြေအနေတွေကို နှစ်ဘက် အပြန်အလှန်ဖလှယ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဘက် နိုင်ငံရေးအကြံပေးအဖွဲ့တွေ မနေ့က လိုင်ဇာမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ ကေအန်ယူဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ခေါင်းဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ဗဟိုကော်မတီဝင်တို့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ) ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က “အဓိကကတော့ ချင်းမိုင်မှာ ယူအန်အက်ဖ်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံရင်းကနေ နှစ်ဘက် တွေ့ဆုံကြမယ်။ ဒီလို တွေ့ဆုံတဲ့အခါမှာလည်း ကေအိုင်အိုမှာက ပြည်သူလူထုတွေ ပါဝင်တဲ့ အကြံပေးအဖွဲ့ရှိတော့ ဒီအဖွဲ့နဲ့တွေ့ရင် ကောင်းတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ အခက်အခဲတွေ ရှေလုပ်ငန်းစဉ်တွေ ဘယ်လိုလုပ်ဆောင်ရင် ကောင်းမလည်းဆိုတဲ့ အပြန်အလှန် အကြံပြုတဲ့ ကိစတွေ ဖြစ်ပါတယ်။”လို့ပြောပါတယ်။
တပ်ဖွဲ့နှစ်ခု ရရှိထားတဲ့ အခြေအနေတွေကို အပြန်အလှန်ပေးဖို့နဲ့ နှစ်ဖွဲ့ မကြာခဏ တွေ့ဆုံေေးနွေးကြဖို့ သဘောတူခဲ့ကြတယ်လို့လည်း ပြောပါတယ်။


အပစ်ရပ်တပ်ဖွဲ့ထဲမှာ အင်အားတောင့်တင်းတဲ့ ကရင်တပ်ဖွဲ့နဲ့ အပစ်မရပ်တပ်ဖွဲ့တို့ထဲမှာ အင်အား တောင့်တင်းတဲ့ ကချင်တပ်ဖွဲ့တို့ တွေ့ဆုံခဲ့ကြတာဖြစ်လို့ ထူးခြားချက် တစုံတရာရှိနေပါတယ်။

တခါ လတ်တလော တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကချင်တပ်နဲ့ တပ်မတော်နဲ့ဆက်ဆံရေး ကောင်းရှိတဲ့ ကရင်တပ်ဖွဲ့တို့ တွေ့ဆုံမှုဖြစ်လို့လည်း ထူးခြားနေပြန်ပါတယ်။

စာရေးဆရာ ဦးသန်းစိုးနိုင်ကတော့ အပစ်မရပ်တပ်ဖွဲ့တို့ကို ဦးဆောင်နေတဲ့ ကေအိုင်အိုတပ်ဖွဲ့ ဒုတိယပင်လုံညီလာခံတက်ဖို့ ၀ိုင်းဝန်းကြိုးပမ်းနေကြတာလို့ ပြောပါတယ်။

“ကေအန်ယူအပေါ်မှာ တပ်ချုပ်ကရော ဒေါ်အောင်ဆန်းစုကြည်ကပါ ယုံကြည်မှုထားတယ်။ နောက် ဒီ တခါက တကယ်လို့သာ ကေအိုင်အေ ဦးဆောင်တဲ့ ယူအန်အက်ဖ်စီ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ မတက်ရောက်ဘူး ဆိုရင်တော့ ကျင်းပမယ့် ညီလာခံက တော်တော့်ကို အနှစ်သာရမဲ့သွားတဲ့ ညီလာခံ ဖြစ်သွားတော့မှာပဲလေ။ အဲ့တော့ အဲ့ဒီ အနေအထားကို တားဆီးဖို့အတွက် အတတ်နိုင်ဆုံး တော့ ၀ိုင်းဝန်းကြိုးပမ်းနေကြပုံ ရပါတယ်။”
ကေအန်ယူနဲ့ ကေအိုင်တို့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်ကြေညာချက်ထဲမှာတော့ နှစ်ဖွဲ့စလုံးအနေနဲ့ ငြိမ်းချမ်းရေးရနိုင်မယ့်နည်းလမ်းများ ရှာဖွေပြီး  လုပ်ဆောင်သွားကြဖို့ သဘောတူတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013