DVB Logo
Home
မြန်မာသတင်း
ကျောင်းသားများကို လိင်တူဆက်ဆံမှုဖြင့် ကျောင်းအုပ်ဆရာကြီး ၁ ဦး အမှုဖွင့်ခံရ
DVB
·
February 16, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် ကဝက်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းက ကျောင်းအုပ်ဆရာကြီးတဦးဟာ ကျောင်းသားဟောင်း တဦးကို အလိုမတူဘဲ လိင်တူဆက်ဆံခဲ့လို့ဆိုပြီး ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက မြောင်းမြမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြား ခံထားရပါတယ်။

အရင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြို့ပေါ်မှာလာဖြေတဲ့အချိန်မှာ ကျောင်းသားအချို့ကို သူနဲ့အတူ ခေါ်အိပ်ခဲ့ပြီး ညအချိန်မှာ လိင်ပိုင်းဆိုင်ရာ အလိုမတူဘဲ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ အမှုဖွင့်တိုင်ကြားခဲ့သူ ကျောင်းသားဟောင်းက ဒီဗွီဘီကိုပြောပါတယ်။

သူ့အနေနဲ့ ဆရာကြီးကို အခုလိုတရားစွဲဖို့မရှိပေမယ့် အမှားကို ဆက်လက်ကျူးလွန်မယ့် သဘောတွေ့လာတာကြောင့် နောက်လူငယ်တွေ ပန်းကောင်းအညွန့်ကျိုး မဖြစ်ရအောင် အခုလို တိုင်ကြားရတာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီကျောင်းမှာ ပညာသင်ကြားနေတဲ့ ဆရာဆရာမအချို့ကလည်း ကျောင်းသားတွေအပေါ် ဆရာကြီးရဲ့ လိင်ပိုင်းဆောင်ရာ အနိုင်ကျင့်မှုတွေကို စုံစမ်းသိရှိထားပြီး အနိုင်ကျင့်ခံရသူ ကျောင်းသား ၁၂ ဦးထက်မနည်းရှိခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနှစ်မှာ ပညာရေးဝန်ကြီးဌာနက ညဘက်စာကျက်ဝိုင်းတွေ ဖွင့်လှစ်ခြင်းမပြုဖို့ ညွှန်ကြားထားပေမယ့် ဆရာကြီးက ညဘက်စာကျက်ဝိုင်းတွေ ခေါ်ယူပြီး ပုံမှန်မဟုတ်တဲ့ အပြုအမှုတွေ တွေ့လာရ တာကြောင့် ရဲစခန်းမှာ အမှုမဖွင့်လှစ်ခင်ကတည်းက စုံစမ်းသိရှိရတဲ့ သက်သေ အချက်အလက်တွေနဲ့ သက်ဆိုင်ရာဌာနတွေအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ တိုင်ကြားမှုတွေ ပြုလုပ်ထားတယ်လို့ အဲဒီကျောင်းက အလယ်တန်းပြဆရာ ဦးဇော်ဇော်လွင်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အခြေပညာ ဦးစီးဌာနကလည်း စစ်ဆေးနေတယ်လို့ဆိုပါတယ်။ ဆရာ/ဆရာမတွေ အနေနဲ့ကတော့ အခုလိုတိုင်ကြားတာတွေနဲ့ပတ်သက်လို့ ခြိမ်းခြောက်မှုတွေ ခံနေရပြီး မလုံခြုံသလို ခံစားနေရတယ်လို့ အထက်တန်းပြဆရာမ ဒေါ်ဇင်ဇင်စောက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျောင်းအုပ်ဆရာကြီးဦးအောင်အောင်ကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခဲ့ခြင်း မရှိပါဘူး။

မြောင်းမြရဲစခန်းကတော့ (ပ) ၇၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၇ နဲ့ အမှုဖွင့်လှစ်ထားပြီး ကျောင်းအုပ်ဆရာကြီးမှာ ပြန်တမ်းဝင်အရာရှိဖြစ်တဲ့အတွက် သက်ဆိုင်ရာဌာနကို အကြောင်းကြားပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013