DVB Logo
Home
Lead Story
အောင်ဝင်းဇော်ကို ဖမ်းမိကတည်းက အောင်ဝင်းခိုင် မိသားစုဖုန်းတွေ ရဲ သိမ်းတာ (ဦးညီညီထွေး)
DVB
·
February 16, 2017
အောင်ဝင်းဇော်ကို ဖမ်းမိကတည်းက အောင်ဝင်းခိုင် မိသားစုဖုန်းတွေ ရဲ သိမ်းတာ (ဦးညီညီထွေး)
Donate to DVB

ဦးကိုနီ အသတ်ခံရမှုမှာ စေခိုင်းသူ အောင်ဝင်းခိုင်ရဲ့ မိသားစုဝင်တွေရဲ့ ဖုန်းတွေကို ရဲက လာသိမ်းသွားပါတယ်။

အောင်ဝင်းဇော်ကို ဖမ်းမိပြီး နောက်တရက်မှာပဲ အောင်ဝင်းခိုင်ရဲ့ မိသားစုဝင်တွေရဲ့ ဖုန်းတွေကို လာသိမ်းသွားခဲ့တာပါ။

သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ စေခိုင်းသူဟာ အောင်ဝင်းဇော်ရဲ့အကို အောင်ဝင်းခိုင် ဖြစ်တယ်လို့ သိရပြီးတဲ့နောက် အောင်ဝင်းခိုင်နေထိုင်တဲ့ ဒေါပုံ၊၀ါဆိုရပ်ကွက်မှာ ထူးခြားချက် တစုံတရာ ရှိမရှိ သိရအောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးကို ဆက်သွယ် မေးမြန်း ထားပါတယ်။

မေး - ဦးအောင်ဝင်းခိုင်အိမ်က ဖုန်းတွေကိုပေါ့နော် ရဲကလာသိမ်းသွားတယ်ကြားလို့ပါ။ ဦးညီညီထွေးလည်း သက်သေ အနေနဲ့ ပါတယ်ကြားလို့ပါ။ နည်းနည်းလောက် ပြောပြပေးပါခင်ဗျ။

ဖြေ - ရဲသိမ်းတာကြာပြီဗျ။ ပြီးခဲ့တဲ့ ၃၀ ရက်၊ ၁ ရက် လောက်နေ့ကတည်းက ထင်တာပဲ။

မေး - ဘယ်လိုလာသိမ်းတာလဲခင်ဗျ။ အဲဒါလေး နည်းနည်းပြောပြပေးပါခင်ဗျ။

ဖြေ - သိမ်းတာတော့ မဟုတ်ဘူးဗျ။ သူတို့က စစ်မလို့ဆိုပြီး ယူသွားတာပေါ့။ ကျနော့် ကိုတော့ ရပ်ကွက်လူကြီးတယောက်အနေနဲ့ လိုက်ခဲ့ပေးပါဆိုလို့ အဲဒီအိမ်ကို လိုက်ခဲ့ပေး တယ်။ ပထမမိတဲ့ အောင်ဝင်းဇော်နဲ့ သူတို့ ဖုန်းအဆက်အသွယ် ရှိမရှိပေါ့နော် အဲလို ပြောပြီး ယူသွားတယ်ဗျ။

မေး - ဦးအောင်ဝင်းခိုင် မိသားစုတွေဆီက လာယူတာလားခင်ဗျ။

ဖြေ - ဟုတ်ပါတယ်။

မေး - ဘယ်သူတွေနေတာလဲခင်ဗျ အဲဒီအိမ်မှာ။

ဖြေ - ဦးအောင်ဝင်းခိုင်အိမ်မှာ သူ့ဇနီးရယ်၊ သူ့သားလေး ၂ ယောက်နဲ့ အိမ်ဖော်လေး တယောက်ပဲ ရှိတယ်ဗျ။

မေး - သူတို့ဖုန်းတွေကို လာသိမ်းတာလားခင်ဗျ။

ဖြေ - ဟုတ်ပါတယ်။

မေး - အဲဒီတော့ ဘယ်လိုပြောပြီး သိမ်းဆည်းသွားပါသလဲ ခင်ဗျ။

ဖြေ - သူတို့တွေ ဖုန်းထဲကနေပြီးတော့ မက်ဆေ့လေး လိုချင်လို့ပေါ့နော်။ သိမ်းတယ်လို့ တော့ မဟုတ်ဘူးဗျ။ သူတို့ စစ်ချင်လို့ဆိုပြီးယူသွားတယ် အဲလိုပုံစံမျိုးပေါ့နော်။

မေး - ဆင်းမ်ကတ်တွေ ထုတ်ယူသွားတာလား။

ဖြေ - မဟုတ်ဘူးဗျ။ ဖုန်းဟန်းဆက်တွေပါ ယူသွားတာ။

မေး - အခုပြန်ပေးပြီလားဗျ။

ဖြေ - အဲဒါတော့ မသိသေးဘူးဗျ။ ကျနော့်ဆီတော့ မလာသေးဘူးဗျ။ ပြန်အပ်ရင်တော့ ကျနော့်ဆီကတဆင့် ပြန်အပ်မှာပေါ့နော်။ ပြန်မပေးသေးဘူး ထင်ပါတယ်။

မေး - ဟုတ်ကဲ့ ဦးညီညီထွေး ဦးအောင်ဝင်းခိုင်အိမ်မှာ အခုလက်ရှိက ဘယ်သူတွေ နေနေလဲခင်ဗျ။

ဖြေ - အခု လက်ရှိသူတို့မှာ ခုနပြောတဲ့ သူ့ဇနီးရယ်၊ သူ့သားလေး ၂ ယောက်နဲ့ အိမ်ဖော်လေး တယောက်ရယ် နေနေကြတယ်။

မေး - သူတို့ ဦးညီညီထွေးတို့ ရပ်ကွက်ထဲရောက်တာ ဘယ်လောက်ကြာပြီလဲခင်ဗျ။

ဖြေ - သူတို့ကတော့ သိပ်မကြာသေးဘူးဗျ။ အများဆုံးရှိ ၂ နှစ်ကျော် ၃ နှစ်လောက် တော့ ရှိမယ်။ ဘာလို့လဲဆိုတော့ ဒီအိမ်က ပြီးခဲ့တဲ့နှစ်ကမှ ပြီးတာလေ။ အိမ်ဆောက် တာ ၁ နှစ်လောက်တော့ ကြာတယ်။

မေး - အဲဒီအိမ်က သူတို့ကိုယ်တိုင်ပဲဆောက်ပြီးတော့ သူတို့ပဲ တက်နေတာပေါ့နော်။ သုံးထပ်တိုက်ကြီး။

ဖြေ - ဟုတ်ပါတယ်။ သုံးထပ်တိုက် သူတို့ဘာသူတို့ ကန်ထရိုက်ဆောက်ပြီး သူတို့ဘာသာ သူတို့တက်နေတာ။ လုံးချင်း ကန်ထရိုက်တိုက်လို့ ပြောရင်ရတာပေါ့။

မေး - ဦးညီညီထွေးက ရပ်ကွက်မှူးပဲဆိုတော့ သူတို့မိသားစု မိသားစုနဲ့ ပတ်သက်ပြီး တော့ ဘယ်လိုဝင်ထွက်သွားလာဖူးလဲ။ သူတို့နဲ့ ဘယ်လို ပတ်သက်ဆက်ဆံဖူးလဲ။

ဖြေ - သူတို့နဲ့ ကျနော်တို့နဲ့ သိပ်ပြီးတော့ သဟဇာတ မရှိဘူးဗျ။ ဘာလို့လဲဆိုတော့ လူကြီးအိမ်လည်းဖြစ်နေတော့ အကိုတို့လည်း အကိုတို့ဘာသာအကိုတို့နေတယ်။ သူတို့လည်း သူတို့ဘာသာသူတို့နေတယ်။ အဲဒီလမ်း အကုန်လုံးတောက်လျောက်က သူတို့ဘာသာသူတို့ နေကြတာများတယ်။ အကို့တို့ ဒီဘက် ဖြတ်လမ်းတွေကျမှ စည်တာပေါ့ဗျာ။ သူတို့ကျတော့ သူတို့ဘာသာသူတို့ နေကြတာများတယ်။ အဲဒီလမ်း တွေက။

မေး - သူတို့ကို ဦးညီညီထွေးက ဘယ်လိုသိထားလဲ။ ဒီလူတွေဟာ ဘယ်လိုမိသားစုလို့ သိထားလဲ။

ဖြေ - သူ့ကိုသိထားတာကတော့ ဒုတိယဗိုလ်မှူးကြီးဆိုတာတော့ ကျနော်တို့က သိပ်တော့ စကားမပြောဘူးဗျ။ အဲလိုမျိုးကျတော့။

မေး - အငြိမ်းစား ဗိုလ်မှူးကြီးမှန်း သိထားတယ်ပေါ့။

ဖြေ - အင်း သိတော့ သိတယ်။

မေး - နောက် ပထမဆုံး ဖမ်းမိတဲ့ အောင်ဝင်းဇော်ပေါ့နော်။ သူက ဦးအောင်ဝင်းခိုင် အိမ်ကို ၀င်ထွက်သွားလာတာတွေ တွေ့ဖူးလားဗျ။

ဖြေ - မတွေ့ဖူးဘူးဗျ။ သူတို့ အဲဒီနေ့က ရဲတွေလာစစ်မှပဲ ညီအစ်ကိုတော်တာ သိရတယ်။ ဘာဖြစ်လို့လာစစ်တယ်မေးမှ သူတို့ရဲတွေက အစွန်းအစလေးပြပြီး ဒါလေး ပြပြီးဝင်တော့မှ ညီအစ်ကိုတော်မှန်းသိတာ။

မေး - အဲဒီရဲ လာစစ်တော့မှ ဦးညီညီထွေး သိတာပေါ့။

ဖြေ - အင်း ဟုတ်တယ်။

မေး - ဟုတ်ကဲ့ ပထမ ဆက်စပ်ပတ်သက်နေမှန်း ဘယ်သူမှ ဘာမှ မသိဘူးပေါ့။

ဖြေ - အင်းပေါ့ မသိဘူးပေါ့။

မေး - အဲတော့ သူတို့မိသားစုတွေက ပုံမှန်ပဲ နေနေကြတာပဲလား။ ၀င်ထွက်သွားလာပြီး တော့ ခုကျန်တဲ့ မိသားစုတွေက။ အောင်ဝင်းခိုင်ရဲ့ ကျန်တဲ့ မိသားစုတွေက။

ဖြေ - ဒီတိုင်းပါပဲ။ ဒီတိုင်းပဲ ဒီနေ့မနက်လည်း သူတို့အိမ်ဖော် ကောင်မလေးနဲ့ ဒီဘက်မှာ ကုန်စုံဆိုင်လေးရှိတယ်လေ။ ကုန်စုံဆိုင်ရှေ့မှာ ကြက်သားတို့ ငါးတို့ရောင်းတယ်။ အဲဒီ မှာ လာပြီးတော့ ဈေးဝယ်ပြီး ပြန်ဝင်သွားတာပဲ တွေ့တယ်။

မေး - သူတို့က အနေအစားမပျက် ဘူးပေါ့။

ဖြေ - အင်းပေါ့ ဒီတိုင်းပါပဲ။ အနေအစား မပျက်ပါဘူး။

မေး - ဦးညီညီထွေး အဲဒီ ဦးကိုနီသတ်ခံရပြီးနောက်ပိုင်း သူတို့နေတဲ့ လမ်းတို့၊ ရပ်ကွက် တို့တွေမှာ ဘာတွေ ထူးခြားချက်တွေများ တွေ့ရမြင်ရတာတွေ ရှိလဲခင်ဗျ။

ဖြေ - အကိုတို့ကတော့ အေးဆေးပါပဲ။ အကိုတို့ရပ်ကွက်ကတော့။

မေး - အဲဒီအိမ်နားမှာ ထူးခြားတဲ့ ဖြစ်စဉ်တွေဘာတွေလည်း မတွေ့ရဘူးပေါ့။

ဖြေ - မတွေ့ရပါဘူး။

မေး - မနေ့က ကျနော်တို့ဆီက သွားရိုက်တော့ တိုက်ကြီးက မီးတွေလင်းထိန်ပြီးတော့ တော်တော်ကောင်းတဲ့ အိမ်ကြီးပဲ။

ဖြေ - အင်းပေါ့ သူတို့ကတော့ ဒီအတိုင်းပဲ ပုံမှန်အတိုင်းနေနေတာပဲ တွေ့တယ်။

မေး - ဟုတ်ကဲ့ ထူးခြားချက် ဘာမှတော့ သိပ်မရှိဘူးပေါ့နော်။

ဖြေ - အင်း မရှိဘူး။

မေး - မနေ့က အစိုးရက သတင်းထုတ်ပြီးတဲ့နောက်ကော ထူးခြားချက်ရှိသေးလား။ ဘာတစုံတရာ တွေ့ရလဲ။

ဖြေ - ဘာမှတော့ မတွေ့ဘူး။ အကိုတို့ ဒီမနက်လည်း ဘာတွေထူးမလဲဆိုပြီးတော့ လမ်းထိပ်ထွက်ကြည့်တာ ဘာမှ မတွေ့ဘူး။ ဒီတိုင်းပါပဲ သူတို့အိမ်နဲ့ သူတို့တွေကတော့ ကျန်တဲ့သူတွေလည်း ဘာမှမထူးပါဘူး။ ဒီတိုင်းပဲ သွားလာနေတာပဲ။

မေး - ဟုတ်ကဲ့ ဟုတ်ကဲ့ အားလုံးအေးအေးလူလူပဲပေါ့နော် သွားလာနေကြတာပေါ့။

ဖြေ - ဟုတ်ကဲ့ပါ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013