DVB Logo
Home
Lead Story
ကချင်အမျိုးသားညီလာခံကျင်းပခွင့် မပြုသည့်အပေါ် ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ပြန်လည်ဖြေရှင်း (ရုပ်သံ)
DVB
·
February 16, 2017
ကချင်အမျိုးသားညီလာခံကျင်းပခွင့် မပြုသည့်အပေါ် ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ပြန်လည်ဖြေရှင်း (ရုပ်သံ)
Donate to DVB

 

မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ နဲ့ ၁၇ ရက်နေ့တွေမှာ စတင်ကျင်းပနေတဲ့  ကချင်အမျိုးသားညီလာခံကျင်းပရာ ခန်းမထဲကို ရဲတပ်ဖွဲ့က ၀င်ရောက်တားဆီးခဲ့ပြီး ပွဲကျင်းပခွင့် မပြုတဲ့အပေါ် ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးကြီး ထွန်းဦးက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
“ကချင်ပြည်နယ်အစိုးရရဲ့ ကျင်းပတဲ့အချိန် ဒီမနောကွင်းထဲမှာ ကချင်ပြည်နယ်နေ့ အခမ်းအနားဆိုပြီး ကျင်းပခဲ့ပါတယ်။ အဲဒီကျင်းပတဲ့အချိန်တုန်းက ၄င်းတို့အနေနဲ့ ဒီမှာ သက်ဆိုင်ရာတာဝန်ရှိတဲ့အနေနဲ့ ခွင့်တောင်းခံခြင်းမရှိဘူး။  ပွဲမိန့် တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒီအခမ်းအနားကြီးကျင်းပမယ်ဆို တာကို ခွင့်တောင်းခံခြင်းမရှိဘဲ ကျင်းပလိုက်တဲ့အပြင် ကျင်းပတဲ့အချိန်တုန်းက ဒီလူတစုကနေ ပြီးတော့မှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့အသုံးအနှုန်း သုံးနှုန်းတာတွေ ရှိခဲ့တယ်။ ဥပမာအားဖြင့် ကချင်နိုင်ငံ၊ ကချင်ပြည်ဆိုပြီးသုံးတယ်ပေါ့နော်။ ကချင်ပြည်နယ်လို့မသုံးဘူး။ နောက်တခါ နိုင်ငံတော်အလံတွေဘာတွေ မလွှင့်ထူဘူး။ ကချင်ပြည်နယ်နဲ့ပတ်သက်တဲ့အလံတွေပဲ လွှင့်ထူတယ်။ ဒီဟာမျိုးလေးတွေဖြစ်တဲ့အခါမှာ အစိုးရအဖွဲ့တွေအနေနဲ့ ဒီဟာ ကြည့်ကြပ်တဲ့လူတွေမရှိရင် ဒီလိုတွေဖြစ်မှာစိုးလို့ ဆိုပြီးတော့  အဲဒီအချိန်မှာ အဲဒီအဖွဲ့မှာရှိတဲ့ တာဝန်ရှိတဲ့လူတွေကိုခေါ်ယူပြီးတော့ နောင်ကို ကွင်းထဲမှာ ကျင်းပတဲ့အခမ်းအနားတွေ ကျင်းပမယ်ဆိုရင် အစိုးရအဖွဲ့ရဲ့ သဘောတူညီမှုကို ရယူပြီးမှ ကျင်းပပါဆိုပြီးတော့ အဲဒီလိုခေါ်ယူတင်ပြပါတယ်။ အခုတခါ ကချင်အမျိုးသားညီလာခံ ကျင်းပပါမယ်ဆိုပြီးတော့မှ တင်ပြီးတော့ ကျနော်တို့ တင်တင်ချင်းမှာ ဒီဥစ္စာကြီးက ကျယ်ပြန့်တယ်လေ။ ဒီဥစ္စာက နိုင်ငံတော်အဆင့်နဲ့ ဆိုင်တဲ့ ခေါင်းစဉ်တွေဖြစ်တဲ့အတွက် ချက်ချင်းတင်ပြတဲ့အခါမှာ ဒီကချင်ပြည်နယ်အစိုးရကနေပြီးတော့မှ ဒီကွင်းထဲမှာ လုပ်ခွင့်မပေးပါဘူး။ မပေးရတဲ့ အကြောင်းအရင်ခိုင်ခိုင်မာမာကိုတော့ အစိုးရက ကျနော့်ထက် ပိုပြီးတော့ သိမှာပါ။ ယခင်ကျနော်သိတဲ့ အကြောင်းအရာ ၂ ခုကတော့ အရင်ရှေ့တုန်းက လုပ်ခဲ့တဲ့ဟာလေးတွေရှိတယ်။ ဒီမှာ သူတို့ကျင်းပတဲ့အခါမှာ အထိန်းအချုပ်က ဘယ်သူခေါင်းဆောင်ပြီးတော့ ဘယ်သူ ကျင်းပတယ်။ တကယ်တန်း ဘယ်သူတာဝန်ရှိလဲဆိုတဲ့အခါကျတော့ အဲဒီအချိန်မှာ သူတို့မပြောကြဘူး။ တဖွဲ့ကိုခေါ်မေးလိုက်လို့ရှိရင် အစတုန်းက သူတို့ ဆုတောင်းပွဲလုပ်တာ မနောပွဲလုပ်တာ နောက်ပိုင်းကျတော့ ဘယ်လိုကျယ်ပြန့်သွားမှန်းမသိဖြစ်သွားတယ်။ စသည်ဖြင့် ဒီလိုဟာလေးတွေ ရှိတဲ့အခါမှာ အစိုးရက ကြည့်ကြပ်ပြီးတော့ပဲ ဒီကွင်းရဲ့ ပွဲမိန့်တွေဘာတွေကိုလည်းပဲ ဒီအခမ်းအနားတွေကို ကြည့်ကြပ်ပြီးခွင့်ပြုချက်ရယူပြီးမှ လုပ်ပါဆိုပြီး လွန်ခဲ့တဲ့ ၂ ရက်လောက်က ထပ်ပြီးတော့ ထပ်ပြောပါတယ်။ ပြောပြီးတော့ ဒီကျင့်ပမယ့်ခေါင်းစဉ်နဲ့ ဟာကြီးလဲ ကျယ်ပြန့်တဲ့အတွက် ဘယ်လောက်ထိကျယ်ပြန့်လဲဆိုတာ မသိပါဘူး။ ဒီမနောကွင်းနဲ့ မဂျွယ်ခန်းမမှာ မလုပ်ပါနဲ့ ဆိုပြီးတော့ တရားဝင်ခေါ်ပြောပါတယ်။ ပြောတဲ့အချိန်မှာ လျှောက်လွှာတင်သွင်းတဲ့ ဦးတန်ဂွမ်းအပါအ၀င် သူတို့အဖွဲ့လေးငါးယောက်လောက်ရှိပါတယ်။ ဒီမှာရှိတဲ့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင် ဥက္ကဋ္ဌအပါအ၀င်ပေါ့နော်။ အဲလိုပြောပြီးနောက်မှာ ဒီနေ့ ညနေလိုပြောတယ်။ နောက်တနေ့မှာ အခမ်းအနားကျင်းပဖို့တေတွကို ထပ်ပြီးတော့ စာလည်းတင်တယ်။ ဆိုင်းဘုတ်စိုက်ထူပြီးတော့ ဒီအခမ်းအနား ကျင်းပပါမယ်ဆိုပြီးလုပ်တယ်။ အဲဒီအခါမှာ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့ ပြည်နယ်အစိုးရကနေပြီးတော့မှ ထုတ်ပြန်ထားတဲ့အမိန့်ကိုတည်အောင်ဆိုပြီးတော့မှ ထုတ်ပြန်ထားတဲ့အမိန့်အတိုင်း ကျနော်တို့က လိုက်နာပြီး ဒီထဲမှာ ဒီအခမ်းအနားကို လောလောဆယ်မှာ အစိုးရကမကျင်းပဖို့ ပြောထားတဲ့အတွက်ကြောင်းမို့ မကျင်းပနိုင်အောင် ကျနော်တို့ တံခါးပိတ်ဆို့ပြီးတော့ မေတ္တာရပ်ခံပြီးတော့ ကျနော်တို့ အစောင့်ချထားပါတယ်။ ကျင်းပမယ့်အခြေအနေနဲ့ပတ်သက်လို့ ဘယ်မှကျင်းပပါ။ ကျင်းပခွင့်ရှိတယ် မရှိဘူးဆိုတာလည်း ကျနော်တို့ ထုတ်ပြန်ပိုင်ခွင့်မရှိပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013