DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် စစ်ရေးတင်းမာ၊ ဒေသခံတချို့ ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်
DVB
·
February 16, 2017
မွန်ပြည်နယ်တွင် စစ်ရေးတင်းမာ၊ ဒေသခံတချို့ ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်
Donate to DVB

 

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှာ လတ်တလော မွန်ပြည်သစ်ပါတီတပ်ဖွဲ့နဲ့  မြန်မာ့တပ်မတော်တို့  အခြေအနေတင်းမာနေတာကြောင့် ထိတွေ့ပစ်ခတ်မှုရှိမှာကို စိုးရိမ်ပြီး  ဒေသခံတချို့ ထိုင်း နယ်စပ်ဘက်ကို တိမ်းရှောင်လာပါတယ်။

မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့နယ် ဘန့်လိုက်၊ ဂျပန်ရေတွင်းနဲ့ ချောင်းကလေး ကျေးရွာက ရွာသားပေါင်း ၃၀၀ ကျော်ဟာ ယမန်နေ့ညက နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမျြို့နယ် နောင်လူးကျေးရွာအုပ်စုရှိ   တောဝ်ထန်ကောက်၊   ၀ပ်ထန့်ဆ၀မ်ပါဒပ်နဲ့ ၀ပ်နမ့်ကစ် စတဲ့ ကျောင်းတိုက်တွေမှာ ၀င်ရောက်ခိုလှုံလာတယ်လို့  ထိုင်းနယ်ခြားစောင့်တပ် အရာရှိတဦးက ပြောကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့နဲ့ စနစ်တကျ နေရာ ချထားဖို့   ဆန်ခလပူရီမြို့နယ်ရဲတပ်ဖွဲ့၊ ထိုင်းမြန်မာနယ်ခြားဆက်ဆံရေးအဖွဲ့ နယ်မြေ ၄ က တာဝန်ရှိသူတွေ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဟာ ယမန်နေ့ညက ဆွေးနွေးတိုင်ပင်ခဲ့ ကြတယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းရွာမှာပြုလုပ်တဲ့ နှစ် ၇၀ မြောက် မွန်အမျိုးသားသာနေ့မှာ စစ်ရေးပြအခမ်းအနားမလုပ်ဖို့  ပြည်နယ်အစိုးရက တားမြစ်ခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်က တားမြစ်ခြင်းကို လက်မခံဘဲ စစ်ရေးပြ အခမ်းအနား ကျင်းပဲ့ပါတယ်။

အဲဒီအခမ်းအနားကနေ ပြန်လာတဲ့ မွန်ပြည်သစ်ပါတီဝင်တွေကို နယ်မြေခံတပ်က စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန် ဂိတ် ၂ ခုကို အစိုးရတပ်က ဖယ်ရှားခဲ့ပါတယ်။  ဒီအခြေအနေကြောင့် နှစ်ဖက်တပ်ဖွဲ့တွေအကြား တင်းမာမှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်မနေ့တုန်းကလည်း ရေးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးကို စစ်တပ်နဲ့ ရဲတွေက ၀င်ရောက်စစ်ဆေးမှုတွေလည်း ပြုလုပ်ပါတယ်။

အဲဒီနောက်ပိုင်း သံဖြူဇရပ်မြို့နယ်ရှိ အမှတ် ၈၇ လမ်းမကြီးပေါ်က မွန်ပြည်သစ်ပါတီရဲ့ ဇီး ၂ ပင်ဂိတ် နဲ့  ဘုရားသုံးဆူမြို့နယ်က ဘုရားတောင် ဂိတ် ၂ ခုကို  မြန်မာစစ်တပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ၀င်ရောက်နေရာယူခဲ့တယ်လို့  မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူရုံး တာဝန်ခံ နိုင်စိုက်ရော့တ်က ဒီဗွီဘီကို ပြောပါတယ်။

“၁၄ ရက်နေ့က ဘုရားတောင်ဂိတ်ကို မနက် ဆယ်နာရီနဲ့ ဆယ်မိနစ်မှာ၊  ဇီးနှစ်ပင်ဂိတ်ကို ညနေ ၃ နာရီမှာ ၀င်ပြီးနေရာယူတယ်။ အခု ဘုရားသုံးဆူမြို့နယ်ဘက်မှာ မြန်မာစစ်တပ် ၃ ရင်းလောက် ဖြန့်ပြီးနေရာယူထားတယ်။ ကျနော်တို့ သတ်မှတ်တဲ့နယ်မြေထဲ ၀င်လာရင်တော့ ပြဿ     နာတက်မှာဘဲ၊ အခုတော့ ဘာမှမရှိသေးဘူး။ ကျနော်တို့ဒေသမှာ တိုက်ပွဲမဖြစ်တာ နှစ် ၂၀ ကျော်ပြီ။”

ဘုရားသုံးဆူမြို့ရဲ့ လက်ရှိအခြေအနေမှာတော့ မနေ့က ဆိုင်ခန်းတချို့ပိတ်တာရှိပေမယ့် ဒီကနေ့မှာ အားလုံးတည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်ဘဲလို့ သူက ပြောပါတယ်။

ဘုရားသုံးဆူဒေသခံ ဦးအောင်စိုးကလည်း မနေ့က ရွှေဆိုင်တချို့ ပိတ်သိမ်းပြီး ဒီကနေ့အခြေအနေ တည်ငြိမ်နေကြောင်း ၊ ဒါပေမယ့်  ဒေသခံတွေကြားမှာ စိုးရိမ်စိတ်တွေတော့ ရှိကြောင်း၊ ထိုင်းနယ်စပ်နဲ့ နီးတဲ့ရွာက ထိုင်းဘက်ကို ပြေးသွားတာတွေရှိပေမယ့် ညအချိန်မအိပ်ရဲလို့ ပြေးတာဖြစ်ပြီး နေ့ခင်းဘက်ကိုတော့ ပြန်လာကြောင်း၊  တချို့ကတော့ ပစ်ခတ်မှုတွေဖြစ်လာရင်တော့ ဆန္ဒပြတောင်းဆိုဖို့  တိုင်ပင်ပြောဆို နေကြတယ်လို့  ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013