DVB Logo
Home
မြန်မာသတင်း
ယမ်းပြုလုပ်သည့် အမိုနီယမ်နိက်ထရိတ်များ သယ်ဆောင်လာသည့် ကား ၂ စီး ဖမ်းမိ
DVB
·
February 16, 2017
ယမ်းပြုလုပ်သည့် အမိုနီယမ်နိက်ထရိတ်များ သယ်ဆောင်လာသည့် ကား ၂ စီး ဖမ်းမိ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု၊ ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ စီပိန်းကျေးရွာအနီးတွင် ယမ်းပြုလုပ်ရာမှာ အသုံးပြုတဲ့ အမိုနီယမ်နိက်ထရိတ်တွေ သယ်ဆောင်လာတဲ့ ၆ ဘီးယာဉ်တစီးနဲ့ ၁၂ ဘီးယာဉ်တစီးကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီအချိန် မော်လူးနယ်မြေရဲစခန်းမှ တာဝန်ရှိသူတွေဟာ ပေါက်ကွဲစေတတ်တဲ့ ဝတ္တုပစ္စည်းတွေပါတဲ့ ဓာတ်မြေသြဇာအိတ်တွေကို ကားနဲ့ သယ်ဆောင်လာတဲ့ သတင်းအရ ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ အင်းတော်မြို့နယ် စီပိန်းကျေးရွာအနီး ဆန်းသစ်နိုင်ထမင်းဆိုင်မှာ လမ်းဘေးချရပ်ထားတဲ့ ယာဉ်မောင်း ရန်နိုင် မောင်းနှင်တဲ့   ၆ ဘီး ဖြူပြာကျား NISSAN ယာဉ်နဲ့ ယာဉ်မောင်း ကိုပေါ်ချို မောင်းနှင်တဲ့ ၁၂ ဘီး အစိမ်းရောင်ယာဉ် ၂ စီးတို့ကို စစ်ဆေးခဲ့ပါတယ်။

၆ ဘီး ယာဉ်ပေါ်တွင် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေပါဝင်တဲ့ တရုတ်စာတန်းပါ ဓာတ်မြေသြဇာအိတ် ၂၇၅ အိတ်နဲ့  ၁၂ ဘီးယာဉ်ပေါ်တွင် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေပါဝင်တဲ့ တရုတ်စာတန်းပါ ဓာတ်မြေသြဇာအိတ် ၅၂၅ အိတ်၊ စုစုပေါင်း အိတ် ၈၀၀ စုစုပေါင်းတန်ဖိုး သိန်း ၆၀ တို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဆိုပါ ယာဉ်များနဲ့ပတ်သက်ပြီး ယာဉ်နောက်လိုက်အဖြစ် လိုက်ပါလာသူ ဝင်းမင်းစိုး၊ တာတီး(ခ)လင်းကိုတို့ရဲ့ ပြောပြချက်အရ အဆိုပါပစ္စည်းများကို မန္တလေးမြို့ “ကောင်း” ကားဂိတ်မှ အဆိုပါ ယာဉ် ၂ စီးဖြင့် တင်ဆောင်လာပြီး ကိုယ်စားလှယ်အဖြစ် လိုက်ပါလာသူမှာ ကိုလတ် ဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပါဝင်တယ်လို့ယူဆရတဲ့ ဓာတ်မြေသြဇာအိတ်များကို ခွင့်ပြုချက် တစုံတရာမရှိဘဲ လက်ဝယ်ထားရှိ သယ်ဆောင်လာသူ ယာဉ်မောင်း ရန်နိုင်၊ ပေါ်ချို ၊ ယာဉ်နောက်လိုက် ဝင်းမင်းစိုး၊ တာတီး၊ ကိုယ်စားလှယ်အဖြစ် လိုက်ပါလာသူ ကိုလတ်တို့ကို အရေးယူပေးဖို့ တိုင်ကြားထားပါတယ်။

ခွင့်ပြုချက် တစုံတရာမရှိဘဲ ဓာတ်မြေသြဇာအိတ်များ သယ်ဆောင်လာသူ ဝင်းမင်းစိုး ၊ တာတီး ကိုလတ်၊ ရန်နိုင်နဲ့ ပေါ်ချို တို့ကို အင်းတော်မြို့နယ် မော်လူးနယ်မြေရဲစခန်းက (ပ)၇/၂၀၁၇ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်များ အက်ဥပဒေပုဒ်မ ၅ အရ အရေးယူဆောင်ရွက် နေတယ်လို့ သိရပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013