DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလား​ဒေ့ရှ်နိုင်​ငံသား ၁၀ ဦးပါသည့် စက်လှေတစီး ဂွမြို့နယ်​တွင်​ တွေ့ရှိ
DVB
·
February 16, 2017
ဘင်္ဂလား​ဒေ့ရှ်နိုင်​ငံသား ၁၀ ဦးပါသည့် စက်လှေတစီး ဂွမြို့နယ်​တွင်​ တွေ့ရှိ
Donate to DVB

 

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ဇီးကုန်းကျေးရွာ ကမ်းခြေအနီး ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၀ ဦးပါတဲ့ စက်လှေတစီးကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းမှာ တွေ့ရှိခဲ့ပြီး အဲဒီထဲက တဦး သေဆုံးနေတာ တွေ့ရပါတယ်။

တင်းတောကျေးရွာနဲ့ ဆပ်သွားကျေးရွာ အုပ်ချုပ်ရေးမှူးတို့က မသင်္ကာစရာ စက်လှေတစီး တွေ့ရှိတယ်လို့ သတင်းပေးပို့တဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ် လဝကမှူးတို့ ဦးဆောင်တဲ့အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှာ အလျား ၂၅ ပေ၊ အနံ ၆ ပေ၊ အမြင့် ၈ ပေခန့်ရှိတဲ့ စက်လှေတစီးပေါ်မှာ ဘင်္ဂါလီ ၁၀ ဦးကို တွေ့ရှိခဲ့ရတာပါ။

စစ်ဆေးမေးမြန်းချက်အရတော့ စက်လှေမှာတွေ့ရှိတဲ့ လူ ၁၀ ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်ပြီး ကိုးလ်ကတ္တားက ဇန်နဝါရီ ၁၃ ရက်မှာ ငါးဖမ်းစက်လှေနဲ့ ထွက်ခွာခဲ့ကြောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင် စက်လှေပျက်တဲ့အတွက် ပင်လယ်ထဲမှာ မျောပါနေခဲ့ပြီး အစာရေစာ ပြတ်နေခဲ့ကြောင်း၊ သူတို့ ၁၀ ဦးထဲက ၁ ဦးကတော့ ဖေဖော်ဝါရီ ၁၄ ရက် ၉ နာရီခွဲမှာ သေဆုံးသွားခဲ့ကြောင်း သိရတယ်လို့ ဂွမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသွားသူတဦးကို ဂွမြို့ ပြည်သူ့ဆေးရုံ(ရင်ခွဲရုံ)မှာ ပို့ဆောင်ထားပြီး ကျန်တဲ့လူ ၉ ဦး ကိုတော့ ဂွမြို့နယ်ရဲတပ်ဖွဲ့က ခေါ်ယူစစ်မေးနေဆဲဖြစ်သလို လူသားချင်းစာနာမှုအရ လိုအပ်တဲ့ အစားအစာနဲ့ ကူညီမှုတွေ ပေးနေတယ်လို့ သိရပါတယ်။

သတင်း-ကိုအောင်၊ ဓာတ်ပုံ-ရဲမင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013