DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ၃ပတ်အတွင်း တရားမဝင်သစ်တန်ချိန် ၁၂၀၀ ကျော် ဖမ်းမိ
DVB
·
February 15, 2017
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးမှာ သီတင်းပတ် ၃ပတ်ကာလအတွင်း တရားမ၀င်သစ်တန်ချိန် ၁၂၀၀ ကျော် ဖမ်းမိထားပြီး အလုံဆိပ်ကမ်းကွန်တိန်နာထဲက ဖမ်းမိတဲ့ သစ်တွေရဲ့ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းမိတာလို့ သစ်တောဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၂၄ ရက်ကနေ ဖေဖော်ဝါရီ ၁၂ရက်အထိ သစ်တောဌာန ဝန်ထမ်းတွေက တရားမဝင် ကျွန်း၊ တမလန်း၊ ပိတောက်၊ကုက္ကို စတဲ့ သစ်တန်ချိန် ၁၂၀၀ ကျော် ရှာဖွေဖမ်းမိတာဖြစ်ပြီး တရားမဝင်သစ်ပိုင်ရှင်တချို့ကို ဖမ်းမိထားကာ  တရားခံတချို့လည်း ထွက်ပြေးနေကြတယ်လို့ သတင်းမှာဖော်ပြပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ဇန်န၀ါရီ ၃၁ရက်အထိ တရားမ၀င်သစ်တန်ချိန် ၄၀၈၂၅ ဖမ်းမိထားပြီး ဇန်န၀ါရီ  ၂၄ ရက်က  ရန်ကုန် အလုံဆိပ်ကမ်းကွန်တိန်နာထဲမှာ  ပမာဏ အများဆုံးဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

သစ်တောဌာနဟာ တရားမ၀င်သစ်တွေကို ကွင်းဆက်လိုက်ပြီး ဆက်လက်ဖော်ထုတ်နေရာမှာ ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ဂိုဒေါင်တလုံးအတွင်းကနေ သစ်တန်ချိန် ၅၅တန် ထပ်မံ ဖမ်းမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013