DVB Logo
Home
မြန်မာသတင်း
ထိုင်းလေ့ကျင့်ရေးလေယာဉ်ပေါ်မှ လေယာဉ်မှူးတစ်ဦးပြုတ်ကျ
DVB
·
February 15, 2017
ထိုင်းလေ့ကျင့်ရေးလေယာဉ်ပေါ်မှ လေယာဉ်မှူးတစ်ဦးပြုတ်ကျ
1 / 4
Donate to DVB

 

 

ထိုင်းနိုင်ငံမြောက်ပိုင်း လွေးမြို့နယ်ထဲမှာ ဒီကနေ့မနက်က လေယာဉ်မှူးတဦး လေ့ကျင့်ရေး ဂျက်လေယာဉ်တစီးပေါ်ကနေ ပြုတ်ကျပြီး ပြင်းစွာဒဏ်ရာရသွားတယ်လို့ မန်ေနဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။

ဥဒွန်းဌာနီတပ်ရင်း အမှတ် ၂၃ ပိုင် F-16 alpha jet  အမျိုးအစား တိုက်လေယာဉ်ဟာ လွေးမြို့ ကျလွန်း ဆုခ်ရပ်ကွက်ရှိ ရာဘာတောတစ်ခုပေါ် ၀ဲပျံစဉ်  အမှတ် ၂ လေယာဉ်မှူးက ပြုတ်ကျလာခဲ့တာ လို့ ဆိုပါတယ်။

အဆိုပါလေယာဉ်မှူးမှာ အသက် ၃၆ နှစ်ရွယ် တောင်ပံတပ်မှူး တရီဆုခိုထိုင်း ဆုမ်ဆရီဆိုင်ဆိုသူဖြစ်ပြီး ဦးခေါင်းကို မြေကြီးနဲ့ ဆောင့်မိကာ သွေးထွက်များနေတာကြောင့် ဆေးရုံကို အမြန်ပို့ဆောင်ပေး ခဲ့တယ်လို  ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးမှ သတင်းထောက်ကို ပြောပါ တယ်။

သူပြုတ်ကျရာနေရာနဲ့ မလှမ်းမကမ်းမှာ လေယာဉ်ထိုင်ခုံတစ်ခုပါ တွေ့ရပြီး ၁ မီတာအကွာရှိ ရာဘာ ပင်တပင်ပေါ်မှာလည်း  အသက်ကယ်လေထီးတစ်ခု ချိတ်နေကြောင်း၊၊ လေယာဉ်ကိုတော့ အမှတ် ၁ လေယာဉ်မှူးက မောင်းနှင်ခဲ့ပြီး မိခင်တပ်ရင်းကို ပြန်လည်ဆင်းသက်လာနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

လောလောဆယ် လေယာဉ်ပေါ်က ပြုတ်ကျရတဲ့အကြောင်းရင်းကို စိစစ်နေဆဲဘဲလို့  တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောသွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မတ်တီချွန်းထိုင်းသတင်းမှာတော့ လေယာဉ်ပေါ်မှာ လေယာဉ်မှူး ၂ ဦးစီး နင်းလိုက်ပါကြောင်း၊ ပြုတ်ကျသူ လေယာဉ်မှူးက နောက်ခန်းက ထိုင်လိုက်လာတာလို့ ဆိုပါတယ်။

လေယာဉ်ကို ပြန်လည်စစ်ဆေးရာမှာ နောက်ခန်းမှန်တံခါးပြုတ်နေပြီး ထိုင်ခုံတစ်လုံးပျက်စီးကြောင်း၊ အဆိုပါလေယာဉ်ဟာ ဂျာမနီနိုင်ငံက ထုတ်လုပ်တာဖြစ်ပြီး လွန်ခဲ့သော ၁၈ နှစ်ခန့်က ထိုင်းဘတ်ငွေ တစ်သန်းနဲ့ ၀ယ်ယူခဲ့ကြောင်း၊ ပြုပြင်ထိန်းသိမ်းခ ဘတ် ၄၅ သန်း ကုန်ခဲ့တဲ့အတွက် လေယာဉ် တန်ဘိုး ဘတ် သန်း ၅၀ ရှိကြောင်း၊ အဲဒီလေယာဉ်ဟာ ၀ယ်ယူစဉ်က အသစ်မဟုတ်တဲ့ အတွက် ၀ယ်ရေးမ၀ယ်ရေး လေတပ်ဖွဲ့ကြား အငြင်းအခုန်ရှိခဲ့ပြီး လက်ရှိ မိုးအတုထုတ်လုပ်တဲ့နေ ရာမှာ အသုံးပြုနေတယ်လို့ တာဝန်ရှိသူတွေအပြောကို ကိုးကားပြီးရေးသားဖော်ပြထားပါတယ်။    

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013