DVB Logo
Home
Lead Story
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘယ်အခြေအနေ ရောက်နေပြီလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
February 15, 2017
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘယ်အခြေအနေ ရောက်နေပြီလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ အနှစ် ၇၀ မြောက် ဖြစ်ပါတယ်။ ပင်လုံစာချုပ်ဟာဆိုရင် တောင်တန်း ပြည်မ ပေါင်းပြီး လွတ်လပ်ရေးယူခဲ့တဲ့ မြန်မာ့သမိုင်းမှာ အရေးပါခဲ့တဲ့ မဏ္ဍိုင်တခု ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီး အားလုံး ၂၃ ယောက် ပါဝင်ပြီးတော့ လက်မှတ်ရေးထိုးခဲ့ပြီးတော့ မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့တာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး အနှစ် ၇၀ ကြာလာတဲ့အခါမှာ ပင်လုံစာချုပ်ပါ အချက် ၈ ချက် ရှိပါတယ်။ တကယ့်အနှစ်သာရကတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဘယ်အခြေအနေ ရောက်နေပြီလဲ။ ဘာတွေလုပ်ဖို့လိုလဲ။ ဒါကို ဆွေးနွေးမှာပါ။ ဒီတပတ်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဦးသန်းစိုးနိုင်နဲ့ ဖက်ဒရယ်ဂျာနယ် လက်ထောက်အယ်ဒီတာ နိုင်ခင်မောင်တို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ပင်လုံစာချုပ်ကတော့ နှစ် ၇၀ ရောက်ခဲ့ပြီ။ အခု မြန်မာပြည်မှာ ဒုတိယ ၂၁ ပင်လုံ ပြန်ပြီးစနေတယ်။ စခဲ့တဲ့ တောင်တန်း ပြည်မ သွေးစည်းရေးပေါ့။ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘာတွေလုပ်ဖို့ လိုသေးလဲ။ ဆရာ စပြီး သုံးသပ်ပေးပါဦး ခင်ဗျ။”

ဦးသန်းစိုးနိုင် (နိုင်ငံရေးဆောင်းပါးရှင်)

“ဟုတ်ကဲ့။ ပင်လုံညီလာခံကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီးတော့ ကျင်းပခဲ့တာကတော့ အခုဆိုရင် နှစ် ၇၀ ပြည့်ပြီပေါ့။ အလားတူ ဒီညီလာခံရဲ့ လုပ်ငန်းစဉ်တွေ ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုလည်း အခု အသက် ၇၁ နှစ် ပြည့်သွားပါပြီ။ တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကလည်း ၆၉ နှစ် ရှိခဲ့ပါပြီ။ အဲဒီအချိန်အထိ ကျနော်တို့တိုင်းပြည်ဟာ ဒီနေ့ ဖက်ဒရယ်မူ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသားအခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာ ပီပီပြင်ပြင် ဘာမှ အာမခံချက်ရှိတဲ့ အနေအထားကို မရောက်သေးပါဘူး။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာရဲ့ အဓိကဦးတည်ချက်က ဘာလဲ။ အခုန ဆရာ ပြောသလိုပေါ့နော်။ တခုကတော့ တန်းတူရေး။ နောက်တခုကတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေး။ ဗိုလ်ချုပ်အောင်ဆန်းက အဲဒီကာလက ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးဆိုတဲ့နေရာမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတဲ့အခါမှာ နောင် ၁၀ နှစ်အကြာမှာ ဖဆပလရဲ့ လုပ်တာကိုင်တာ မကောင်းရင် ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိတယ်ဆိုတဲ့ စကားရပ်တွေ ထည့်ပြီးပြောခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်း တလျှောက်လုံးဖြစ်လာတဲ့ကိစ္စက တိုင်းရင်းသားတွေမျှော်လင့်တဲ့ တန်းတူမှုကို အခြေခံတဲ့၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ ဖက်ဒရယ်အခွင့်အရေးကို မရခဲ့ပါဘူး။ ဖြစ်လာခဲ့တာကတော့ ကျနော်တို့ တပြည်ထောင်စနစ်ပဲ ဖြစ်လာခဲ့ပါတယ်။ အဲဒါက ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းတို့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို မသုံးရဲတဲ့အခြေအနေ ရောက်သွားပါတယ်။ ဒါပေမယ့် အခု ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာပြီးတဲ့အခါမှာတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးနဲ့ ဖက်ဒရယ်အခွင့်အရေးတွေ ရရှိဖို့အတွက် ကြိုးပမ်းအားထုတ်နေတဲ့ ဖြစ်စဉ်တွေရဲ့ အစပဲရှိပါသေးတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနားဆင်နိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013