DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် နဝမတန်းကျောင်းသားအား ကျောင်းဝင်းအတွင်း ဝင်ရိုက်မှုဖြစ်ပွား
DVB
·
February 15, 2017
မိတ္ထီလာတွင် နဝမတန်းကျောင်းသားအား ကျောင်းဝင်းအတွင်း ဝင်ရိုက်မှုဖြစ်ပွား
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အမှတ်-၂ အ.ထ.က ကျောင်းကို နဝမတန်းစာမေးပွဲ ဖြေဆိုရန်လာတဲ့ သန့်ဇင်ထွန်းကို တရပ်တည်းနေ နိုဘီ(ခ)အောင်သန်းဝင်းက ကျောင်းဝင်းအတွင်းမှာ တုတ်ဖြင့်ရိုက်မှု ဖေဖော်ဝါရီ ၁၄ ရက် မနက် ၈ နာရီခွဲလောက်မှာ ဖြစ်ခဲ့ပြီး သန့်ဇင်ထွန်း ဝဲဘက်လက်ဖူးရောင်ဒဏ်ရာရခဲ့ပါတယ်။

“ဝဲဘက်လက်ပဲ ဒဏ်ရာရတယ်။ ညာဘက်လက်နဲ့ စာမေးပွဲဆက်ဖြေနိုင်ပါတယ်။ တုတ်နဲ့ရိုက်လိုက်တာကို ဝဲဘက်လက်နဲ့ ကာလိုက်တယ် ထင်ပါတယ်။ ဝဲဘက်လက် ဖူးရောင်နေတယ်။ ဖမ်းဆီးအမှုဖွင့် အရေးယူထားပါတယ်” လို့ မိတ္ထီလာအမှတ်-၂ ရဲစခန်းမှ ဒုရဲအုပ်အောင်သိုက်ကက ပြောပါတယ်။

“တရပ်ကွက်တည်းနေတဲ့ မေဇွန်က လာပြောတယ်။ သန့်ဇင်ထွန်း ကျောင်းမှာ ရန်ဖြစ်တယ်လို့ သိသိချင်း ကျောင်းလိုက်လာတာ။ ဝဲဘက်လက် ရောင်နေတာဆိုတော့ စာမေးပွဲကို ဆက်ဖြေပါတယ်” လို့ သန့်ဇင်ထွန်းရဲ့အမေ ဒေါ်ဝင်းက ပြောပါတယ်။

နိုဘီ(ခ)အောင်သန်းဝင်းကို တုံးသောလက်နက်ဖြင့် ထိခိုက်ဒဏ်ရာရှိစေတဲ့ ပြစ်မှုပုဒ်မ ၃၂၅ နဲ့ ဆဲဆိုသောပြစ်မှု ပုဒ်မ ၂၉၄ တို့ဖြင့် အမှုအမှတ် (ပ)၃၂/၂၀၁၇၊ မိတ္ထီလာ အမှတ်-၂ ရဲစခန်း ဒုရဲအုပ်အောင်သိုက်က ဖမ်းဆီးအမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရတယ်။

သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013