DVB Logo
Home
မြန်မာသတင်း
တိုက်တုန်း ခိုက်တုန်း မိုက်မဲတုန်း ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးဟု ဦးရွှေမန်း ပြော
DVB
·
February 15, 2017
တိုက်တုန်း ခိုက်တုန်း မိုက်မဲတုန်း ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးဟု ဦးရွှေမန်း ပြော
Donate to DVB

 

နိုင်ငံအတွင်း တိုက်တုန်း ခိုက်တုန်း မိုက်မဲတုန်း ခေါင်းဆောင်တွေမှာ တာဝန်အရှိဆုံးလို့ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၅ရက် မနက် ၁၀နာရီခွဲလောက် ဦးရွှေမန်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားဖော်ပြ လိုက်တာဖြစ်ပြီး ပြင်စရာရှိတာပြင် ပြောင်းစရာရှိတာ ပြောင်းပြီး အပြောနဲ့အလုပ်ညီအောင် လုပ်ကြပါလို့လည်း သူက ပြောလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးရွှေမန်းက “ကျုပ်တို့နိုင်ငံမှာ တိုက်တုန်း ခိုက်တုန်း မိုက်မဲတုန်း ပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတုန်းဟာ တာဝန်ရှိတဲ့ သူတွေထဲကြောင့်ဆိုလျင်တောင် ခေါင်းဆောင် ဆိုသူတွေများမှာသာ တာဝန်အရှိကြဆုံးမို့ ပြင်စရာရှိလျင်ပြင် ပြောင်းစရာရှိလျင် ပြောင်းပြီး စိတ်စေတနာကောင်းများဖြင့် အပြောနှင့်အလုပ် ညီညွတ်စွာ ဆောင်ရွက် နိုင်ကြလျင် နောင် အဆက်ဆက်သော လူငယ်များက ယနေ့ လူကြီးများကို တကယ်အထင်ကြီးလေးစား ကျေးဇူး တင်ကြမှာပါဗျာ”လို့ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

သူ ဒီလို ရေးတင်ချိန်ဟာ မြန်မာပြည်မြောက်ပိုင်းဒေသတွင်း တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တို့ တိုက်ပွဲများပြင်းထန်နေချိန်ဖြစ်ပြီး ဒီလို တိုက်ပွဲများဖြစ်နေတာဟာ နှစ်ဘက် ခေါင်းဆောင် များမှာ တာဝန်ရှိတယ်လို့ ထုတ်ပြောလိုက်တာလည်း ဖြစ်ပါတယ်။

လတ်တလော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အပစ်မရပ်တပ်ဖွဲ့တို့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးကြဖို့ တိုက်တွန်းပြောဆိုနေပြီး တိုင်းရင်းသားတပ်ဖွဲ့တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ဟာ တောင်နဲ့ မြောက် တဘက်စီသွားနေသလို ဖြစ်နေတယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။

ဒီအတောအတွင်းမှာပဲ ဖေဖော်ဝါရီလကုန်လုပ်မယ်လို့ ကြေညာထားတဲ့ ဒုတိယအကြိမ် ပင်လုံ ညီလာခံကိုလည်း မတ်လကျမှ လုပ်တော့မယ်လို့ အစိုးရက ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013