DVB Logo
Home
မြန်မာသတင်း
ရဲကို ကားနှင့် တမင်တိုက်သတ်သူကို လူသတ်မှုဖြင့် အမှုဖွင့်
DVB
·
February 15, 2017
ရဲကို ကားနှင့် တမင်တိုက်သတ်သူကို လူသတ်မှုဖြင့် အမှုဖွင့်
Donate to DVB

 

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ ရဲကို ရည်ရွယ်ချက်ရှိရှိ ကားနဲ့တိုက်သတ်ခဲ့တဲ့သူကို လူသတ်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက် ၂ နာရီခန့်က မြောက်ဥက္ကလာပရဲစခန်းက တပ်ဖွဲ့ဝင်များ ကင်းလှည့် နေတုန်း လူငယ် ၄ ယောက် အရက်ထိုင်သောက်နေတာကို တားမြစ်ခဲ့လို့ မကျေမနပ်ဖြစ်ပြီး  ဇော်သန့် ဆိုသူက ကားနဲ့ လိုက်တိုက်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဇော်သန့်ဟာ အဲ့ဒီနေ့က သူနဲ့အတူ အရက်သောက်ခဲ့ကြတဲ့ ဉာဏ်လင်းနဲ့ ထက်ကျော် တို့ကို အိမ်ပြန်ပို့ပေးရင်း အရက်သောက်တာ လာတားတဲ့ ရဲတွေကို ကားနဲ့တိုက်သတ်ပစ်မယ်လို့ ပြောဆို ခဲ့ကြောင်း သူတို့ နှစ်ဦးရဲ့ထွက်ဆိုချက်အရ လူသတ်မှုနဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

တရားခံ ဇော်သန့်ဟာ မြောက်ဥကလာပမြို့နယ်၊(စ)ရပ်ကွက်၊ မေဓါဝီလမ်းမကြီးနှင့် ၀ဇီရာလမ်းဆုံ အနီးမှာ ဆိုင်ကယ်လှည့်ကင်းတာဝန် ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်များအနက် နောက်ဆုံးက စီးနင်း သွားနေတဲ့  ရဲတပ်ကြပ် ညီညီထွေးရဲ့ မော်တော်ဆိုင်ကယ်ကို သူ မောင်းလာတဲ့ စူပါကာစတန်ကားနဲ့ တမင်ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ကားနဲ့ တိုက်ခံရတဲ့ ရဲတပ်ကြပ် ညီညီထွေးဟာ ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံအရောက် သေဆုံး သွားခဲ့ပြီး အစပိုင်းမှာ ရဲက ယာဉ်မတော်တဆမှုနဲ့ အမှုဖွင်ခဲ့တာပါ။

နောက်ပိုင်းမှာ စစ်ဆေးတွေ့ရှိချက်တွေအရ ကားနဲ့ တမင် တိုက်သတ်ခဲ့တာ ပေါ်လွင်တဲ့အတွက် လူသတ်မှု ၃၀၂/၃၃၃/၂၇၉/၂၀၂နဲ့ ပြောင်းလဲ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013