DVB Logo
Home
မြန်မာသတင်း
ထိုင်းအကျဉ်းထောင်တွင်း ချစ်သူများနေ့အခမ်းအနား ကျင်းပ
DVB
·
February 15, 2017
ထိုင်းအကျဉ်းထောင်တွင်း ချစ်သူများနေ့အခမ်းအနား ကျင်းပ
1 / 4
Donate to DVB

ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ဗယ်လင်တိုင်း (ချစ်သူများနေ့) အခမ်းအနားကို ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင် ခလောင်းဒန်အကျဉ်းထောင်ကြီးမှာလည်း ကျင်းပခဲ့ တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအကျဉ်းထောင်တွင်း အကျဉ်းကျနေတဲ့ ချစ်သူစုံတွဲပေါင်း ၄၆ တွဲကို ခဏတာတွေ့ဆုံခွင့် အခွင့်အရေးပေးတဲ့အနေနဲ့ ချစ်သူများနေ့အခမ်းအနားကို ကျင်းပပေးတာလို့ ထောင်မှူးကြီး နိုင်းကစ်စန၀ုန်းဝေ့ခ်ျက သတင်းထောက်တွေကို ပြောပါတယ်။

အခမ်းအနားကို ချစ်သူများနေ့နဲ့ လိုက်ဖက်ညီအောင် ပြင်ဆင်ပေးထားပြီး တေးဂီတဖျော်ဖြေရေး အစီအစဉ်နဲ့ ဗယ်လင်တိုင်း ကိတ်မုန့်တွေလည်း မှာယူခွင့်ပြုခဲ့ပါတယ်။

ထောင်ထဲမှာ အုတ်နံရံခြားပြီး နေရတဲ့ ချစ်သူစုံတွဲ အကျဉ်းသူအကျဉ်းသားတွေဟာ ဒီအခမ်းအနားမှာ တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်ထိုင်ပြီး လက်ကိုင်ခွင့်၊ ပွေ့ဖက်ခွင့်တွေရလို့ တချို့တွေက ၀မ်းနည်းဝမ်းသာ မျက်ရည်တွေကျနေကြကြောင်း၊ စုံတွဲပေါင်း ၄၆ တွဲအနက် အသက်အကြီးဆုံး အတွဲမှာ အသက် ၇၀ ရွယ်ရှိ ဖိုးဖိုး နဲ့ အသက် ၆၂ ရှိ ဖွားဖွားတို့ စုံတွဲဖြစ်တယ်လို့ ဆိုပါတယ်။

ခလောင်းဒန်အကျဉ်းထောင်တွင်း ချစ်သူများနေ့ကျင်းပတာဟာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီစုံတွဲတွေဟာ အကျဉ်းမကျခင်ကတည်းက တရားဝင်ဇနီးမောင်နှံတွေဖြစ်ကြောင်း၊ သူတို့ချင်း မျက်နှာချင်းဆိုင်မတွေ့ရတာ နှစ်ပေါင်းအတန်ကြာပြီဖြစ်တဲ့အတွက် တချို့မှာ စိတ်လှုပ်ရှားလွန်ပြီး အိပ်မပျော်သူတွေရှိကြောင်း၊ အကျဉ်းကျသူတွေချင်း တယောက်နဲ့ တယောက် စိတ်ဓာတ်ခွန်အားတွေ ပေးကြဖို့ ဒီအခမ်းအနားကို ကျင်းပပေးရတာလို့ ထောင်မှူးကြီးက ပြောသွားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013