DVB Logo
Home
မြန်မာသတင်း
ဒေသတွင်း မတည်ငြိမ်မှုမှ လူကုန်ကူးပြဿနာများ ဖြစ်ဟု တိုင်းရဲမှူးပြော
DVB
·
February 15, 2017
ဒေသတွင်း မတည်ငြိမ်မှုမှ လူကုန်ကူးပြဿနာများ ဖြစ်ဟု တိုင်းရဲမှူးပြော
Donate to DVB

 

နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံအချို့အနေနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာကြောင်း တနသာင်္ရီတိုင်း ရဲမှူးကြီးနေမျိုးက ပြောပါတယ်။

လူကုန်ကူးဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ရဲမှူးကြီး နေမျိုးက “လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ပြည်တွင်းစစ် စဖြစ်ကတည်းကစပေါ့။ ပြည်တွင်းစစ်တွေ ဖြစ်ခဲ့တယ်။ ဖြစ်တဲ့အခါမှာ လူတွေက ရွှေ့တယ်။ နောက်တခုက ဒီဒေသမှာ မတည်မငြိမ်ဖြစ်တဲ့အတွက် ဒီဒေသက လူတွေက ဟိုဘက်နိုင်ငံကို အလုပ်သွားလုပ်ကြတယ်။ သွားတဲ့အခါ အဆက်အစပ်နဲ့ သွားသလို လူတွေရဲ့ခေါ်ဆောင်မှုနဲ့ ဟိုဘက်မှာ သူဖြစ်ချင်တိုင်း မဖြစ်ဘဲနဲ့ မတော်မတရားတွေ ဖြစ်တယ်။ ရောင်းစားတာတွေ ဖြစ်သွားတယ်။လူငယ်တွေက ဘာပဲဖြစ်ဖြစ် သူ့ဒေသမှာ မတည်ငြိမ်တဲ့အခါ အေးချမ်းတဲ့ ထိုင်းနိုင်ငံသွားပြီး အလုပ်လုပ်ချင်တယ်။ ကိုယ့်နိုင်ငံမှာ မတည်ငြိမ်တာရယ် စီးပွားရေးအခွင့်အလမ်း နည်းတာရယ်ကြောင့် ပါသွားတယ်။ အဲဒီကတည်းက လူကုန်ကူးမှုဆိုတာတွေ ဖြစ်လာတယ်” လို့ ဆက်လက် ပြောဆိုပါတယ်။

စစ်အစိုးရလက်ထက်က လူကုန်ကူးမှုဖြစ်စဉ်တွေနဲ့ပ တ်သက်လို့ သတင်းအချက်အလက်ရရှိမှု အားနည်းတာကြောင့် အများပြည်သူတွေအနေနဲ့ သိခွင့်မရဘဲ အရပ်သားအစိုးရ လက်ထက်မှာမှ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လူကုန်ကူးမှု တာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လူကုန်ကူးခံရမှုတွေ နည်းပါးလာတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ခဲ့တဲ့ စာရင်းအရ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူကုန်ကူးမှုပေါင်း ၁၃၁ မှုအနက် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ လူကုန်ကူးမှု ၁ မှုသာ ရှိခဲ့ပါတယ်။

ယခင်ကာလက ဒေသတွင်းတိုက်ပွဲတွေကြောင့် တနင်္သာရီတိုင်းဒေသကြီးက ဒေသခံတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တနသာင်္ရီတိုင်း JMC-s အရပ်သားကိုယ်စားလှယ် အဖွဲ့ဝင် နော်မေးဒြယ် ကလည်း “ဒီဘက်က လူတွေက ဟိုဘက်ကို စီးပွားရေး သွားလုပ်တာ များတယ်။ ဒီဘက်မှာ ယခင်အခြေအနေကဆိုရင် စစ်ဖြစ်တယ်။ ဖြစ်တယ်ဆိုလို့ရှိရင် တရွာလုံး မီးလောင်မှု ဖြစ်တဲ့ အခြေအနေမျိုးရှိတယ်။ အခုတော့ အဲဒီဒေသတွေ ပြန်လည်ထူထောင်နေပြီ။ ကရင်ရွာတွေ များတယ်။ ခုတည်ငြိမ်နေပေမယ့် ပြန်လာတာတွေတော့ မတွေ့ရသေးဘူး” လို့ ပြောပါတယ်။

တနသာင်္ရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးဇူးတော်ရွာမှာ ယခင်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတဲ့ ကရင်လူမျိုး အိမ်ထောင်စု အနည်းငယ်ဟာ မူလနေရပ်ကို ပြန်လည် နေထိုင်နေကြပါတယ်။

အဲဒီ နေရပ်ပြန်နေထိုင်သူတွေထဲက အချို့ဟာ မြေယာအငြင်းပွားမှုတွေကြောင့် တရားစွဲဆိုခံထားရတဲ့ သူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူ အများအပြားဟာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ အများဆုံး လူကုန်ကူး အရောင်းအ၀ယ် လုပ်ခံနေရကိုလည်း တွေ့ရနေရပြီး သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေလည်း ရှိနေပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013