DVB Logo
Home
မြန်မာသတင်း
သထုံမြို့ ရထားလမ်းပေါ်တွင် လူ ၁ ဦးရထားကြိတ်ခံရ
DVB
·
February 15, 2017
သထုံမြို့ ရထားလမ်းပေါ်တွင် လူ ၁ ဦးရထားကြိတ်ခံရ
Donate to DVB

 

မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ မွန်စုပိုင်းရှိ ရန်ကုန်-မော်လမြိုင်ရထားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၄ ရက် မနက် ၇ နာရီခန့်က လူတဦးရထားကြိတ်ပြီး သေဆုံးခဲ့တယ်လို့ သထုံမြို့မရစခန်းက သိရတယ်။

သတင်းပေးချက်အရ သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းဇော်၊ တာဝန်မှူး ရဲအုပ်မျိုးမင်းသန်းနဲ့အတူ သက်သေလူကြီးများ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မော်လမြိုင်ရထားလမ်း၊ မိုင်တိုင်အမှတ် ၁၃၇/၂နှင့် ၁၃၇/၃ အကြား သံလမ်းပေါ်မှာ လူတဦး ဦးခေါင်းကြေနေတာကို တွေ့ရှိရပြီး ထပ်မံစစ်ဆေးခဲ့ရာ သက်နိုင်(ခ)နိုင်ကြီး ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ မှုခင်းဆေးစာနဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခဲ့တာ ဟုတ်/မဟုတ် ဆက်လက်စစ်ဆေးနိုင်ဖို့အတွက် သထုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၇) နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိတယ်လို့ ရဲမှတ်တမ်းများအရသိရပါတယ်။

သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ - အောင်ကိုကိုလွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013