DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲအကြောင်း အများပြည်သူသိရှိမှု နည်းပါးနေ
DVB
·
February 15, 2017
ကြားဖြတ်ရွေးကောက်ပွဲအကြောင်း အများပြည်သူသိရှိမှု နည်းပါးနေ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ သိရှိမှုက ထက်ဝက်ကျော်ကျော်သာ ရှိတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) က ဖော်ဖော်ဝါရီ ၁၃ ရက်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုရှိ  မြို့နယ် ၂၂ မြို့နယ်မှ ကျေးရွာနဲ့ရပ်ကွက် ၈၀ မှာ လိုက်လံစစ်တမ်းကောက်တဲ့အခါ ၆၂ ရာခိုင်နှုန်းကသာ ကြားဖြတ်ရွေးကောက်ပွဲရှိတာကို သိတယ်လို့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းတွေမှာလည်း အားနည်းမှုတွေရှိနေပြီး ကြေညာပြသရာနေရာတွေရဲ့ ထက်ဝက်ကျော်မှာ အသိပညာပေးလုပ်ငန်းတွေကို မတွေ့ဘူးလို့ PACE အဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မဲစာရင်း စတင်ကြေညာတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တပတ်အတွင်း မဲစာရင်းလာကြည့်သူ ၆ ရာခိုင်နှုန်းသာ ရှိတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013