DVB Logo
Home
မြန်မာသတင်း
သတင်းအချက်အလက် တောင်းယူရရှိပိုင်ခွင့် ဥပဒေရေးဆွဲရေး ဆွေးနွေး
DVB
·
February 14, 2017
သတင်းအချက်အလက် တောင်းယူရရှိပိုင်ခွင့် ဥပဒေရေးဆွဲရေး ဆွေးနွေး
Donate to DVB

 

သတင်းအချက်အလက် တောင်းယူရရှိပိုင်ခွင့် ဥပဒေရေးဆွဲရေးအတွက် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ အဖွဲ့ဝင်တွေ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက တာဝန်ရှိသူတွေ ဒီကနေ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးပါတယ်။

ဒီဥပဒေကို အရင်အစိုးရလက်ထက်က ရေးဆွဲခဲ့ပေမယ့် တရားဝင်ချပြတာမရှိခဲ့ဘူးလို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောပါတယ်။

“နားလည်သလောက်ကတော့ အရင်ပြန်ကြားရေးဝန်ကြီးဌာနလက်ထက်က ဆွဲသွားတယ်။ အခုလက်ရှိ အစိုးရကို လွှဲသွားတယ်လို့တော့ ပြောတယ်။ ကျနော်တို့က ရှေ့ဆက်တဲ့အခါမှာ အဲအပေါ်မှာပဲ အခြေခံဆွေးနွေးသွားမလား။ တခြားနိုင်ငံတွေမှာရှိတဲ့ ဥပဒေတွေနဲ့လည်း နှိုင်းယှဉ်ဖို့ လုပ်ထားပါတယ်။ အဲဒီအပေါ်မှာအခြေခံပြီး ဆွေးနွေးသွားလည်း ရပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့ ဘာ ကျွန်တော်တို့ စပြီး မူဘောင် ချမလား။ နည်းလမ်းတွေကတော့ အများကြီး။ ဒီဥပဒေရှိသင့်တယ် ဆိုတာကတော့ ငြင်းလို့မရဘူး” လို့ ဆိုပါတယ်။

ဒီဥပဒေပေါ်လာရင် သတင်းမီဒီယာသမားတွေနဲ့ အစိုးရကြားမှာ ပိုပြီးတော့ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

“အစိုးရအပေါ်မှာလည်း ပြည်သူတွေအနေနဲ့ သံသယတ၀က်နဲ့ လုပ်စရာမလိုတော့ဘူး။ ဘာလို့လဲဆို လူတိုင်းက မေးခွင့်ရမှာကို။ ဒီဥပဒေက မီဒီယာသမားတခုတည်းနဲ့တင်ဆိုင်တာ မဟုတ်ပါဘူး။ နိုင်ငံသားတိုင်းနဲ့ ဆိုင်ပါတယ်။ နိုင်ငံသားတိုင်းဟာ ချက်ချင်းသလိုတာကို မေးခွင့်ရမယ်။ အစိုးရပိုင်းက ဆုံးဖြတ်စရာလိုတာက ဘယ်အချက်အလက်က သိသင့်သိထိုက်တဲ့ဟာလဲ။ စည်းနဲ့ကမ်းနဲ့ လာမယ်၊ မဖြေလို့ မရတော့ဘူး။ ဖြေကို ဖြေရတော့မယ်” လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

ဒီဥပဒေပြဋ္ဌာန်းပြီးပါက ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်တွေအတွက်တင်မကဘဲ စီတဇင် ဂျာနယ်လစ်တွေလည်း စည်းကမ်းတကျနဲ့ ယဉ်ယဉ်ကျေးကျေး လုပ်ကိုင်ခွင့်၊ ထိန်းကျောင်းခွင့်၊ ဝေဖန်ခွင့်၊ ထောက်ပြခွင့်ရမယ်လို့ ဆိုပါတယ်။

ဒီဥပဒေရေးဆွဲရေးအတွက် နှစ်လ ၁ ကြိမ် အစည်းအဝေးလုပ်သွားမယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေအားလုံးမှာ ဒီဥပဒေပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013