DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ၉ လတွင်း ဒေါ်လာသန်း ၂၀ နီးပါးရရှိ
DVB
·
February 14, 2017
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ၉ လတွင်း ဒေါ်လာသန်း ၂၀ နီးပါးရရှိ
Donate to DVB

 

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ စီးပွားဖြစ်ထုတ်လုပ်တဲ့ ကိုးလအတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါး ရရှိခဲ့တယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံက ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်နိုင်ငံက ၀မ်ပေါင်မိုင်းနင်းကော့ပါးကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါးလီမိတက် တည်ထောင်ပြီးတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကြေးနီထုတ်လုပ်ခွင်း ကန်ထရိုက်စာချုပ်ကို ၃ ရက် ၆ လ ၂၀၁၀ မှာ ချုပ်ဆိုပြီး သတ္ထုတွင်းတူးဖော်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အကြံပြုချက်အရ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကြေးနီ ထုတ်လုပ်မှုအပေါ် ခွဲဝေချင်း ပြင်ဆင်ချက်စာချုပ်ကို ၂၀၀၃ ခုနှစ် ၇ လပိုင်းမှာ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ ချုပ်ဆိုခဲ့ပါတယ်။

၂၀၁၆ တာဝန်လွှဲပြောင်းပြီးတဲ့ အချိန်ကစပြီး စီးပွားဖြစ်စတင်တဲ့ ၅ ရက် ၅ လ ၂၀၁၆ ကနေ ၃၁ ရက် ၁ လ ၂၀၁၇ အထိ သတ္ထု၊ ကြေးနီ မတ်ထရစ်တန်ချိန် ၂၃၁၆၆.၅၀၄ တန် ထုတ်လုပ်ခဲ့ပါတယ်။ အခွန်လေးမျိုးကနေ အမေရိကန်ဒေါ်လာ ၁၉၉၉၀၈၇၆.၅၁ ရရှိမှာဖြစ်ပါတယ်”လို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ဝင်းက လက်ပံတောင်တောင် ကြေးနီ စီမံကိန်းမှ နိုင်ငံတော်၏ အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကို တာဝန်လွှဲပြောင်းချိန်အထိ မည်မျှရရှိခဲ့သနည်းနှင့် ၂၀၁၆ ခုနှစ် ဧပြီလကစပြီး မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းနှင့် စက်လျှင်းသည့်မေးခွန်းများအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013