DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသားနေ့ကအပြန် မွန်ပြည်သစ်ပါတီဝင်များကို စစ်တပ်က တားဆီးစစ်ဆေး
DVB
·
February 14, 2017
မွန်အမျိုးသားနေ့ကအပြန် မွန်ပြည်သစ်ပါတီဝင်များကို စစ်တပ်က တားဆီးစစ်ဆေး
1 / 5
Donate to DVB

 

မွန်ပြည်နယ် ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းရွာမှာ ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားကို သွားရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီဝင်တွေကို တပ်မတော်စစ်ဆေးရေး ဂိတ်က တားဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့တဲ့ နှစ် ၇၀ ပြည့် မွန်အမျိုးသားနေ့ကို သွားရောက်ခဲ့တဲ့ မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင် ၆၀ လောက်ကို အစိုးရဘက်က စစ်ဆေး တားဆီးခဲ့တာလို့ မွန်ပြည်သစ်ပါတီဝင် နိုင်ဝင်းလှက ပြောပါတယ်။

“သူ့တာဝန်အရ သူစစ်တာပေါ့နော်။ ကားက ဘာတင်လဲ၊ ဘာညာပေါ့၊ သူတို့စစ်ပြီးတော့ ယူနီဖောင်းပဲတွေ့တယ်။ ဘာမှမတွေ့ပါဘူး။ ”

နှစ် ၇၀ ပြည့်  မွန်အမျိုးသားနေ့ကို မွန်ပြည်သစ်ပါတီ-ဗဟိုက ဦးဆောင်ပြီး ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကျေးရွာမှာ စစ်ရေးပြ အခမ်းအနားနဲ့အတူ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ရေတွင်းရွာမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နှစ် ၇၀ ပြည့် မွန်အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြပွဲတွေမလုပ်ဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီကတော့ မွန်အမျိုးသားနေ့ အခမ်းအနားတွေမှာ စစ်ရေးပြအခမ်း အနားကို နှစ်စဉ် ကျင်းပလာခဲ့တာဖြစ်ပြီး ဒီလိုတားမြစ်မှုတွေ ရှိနေပေမယ့် အစဉ်အလာ အတိုင်း ဆက်လက်ကျင်းပသွားခဲ့ပါတယ်။

ဒီလိုကျင်းပပြီး အပြန်မှာ အခုလို စစ်ဆေးခံခဲ့ရတာဖြစ်ပါတယ်။  

မွန်ပြည်သစ်ပါတီဟာ ၁၉၉၅ ခုနှစ်က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့ပေမယ့် နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံတဲ့ အတွက် ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာလက စပြီး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။

ဓာတ်ပုံ - ထိပ်ထား

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013