DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံဘုရားပေါ် မလုံ့တလုံဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့သည့် ထိုင်းမော်ဒယ် ပြန်တောင်းပန် (ရုပ်သံ)
DVB
·
February 14, 2017
ရွှေတိဂုံဘုရားပေါ် မလုံ့တလုံဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့သည့် ထိုင်းမော်ဒယ်  ပြန်တောင်းပန် (ရုပ်သံ)
Donate to DVB

ပြီးခဲ့တဲ့ အပတ်က မြန်မာပြည်ကို သွားရောက်လည်ပတ်ပြီး ရွှေတိဂုံဘုရားပေါ်မှာ ရွှေရောင်မ လုံ့တလုံဝတ်စုံနဲ့ ဓာတ်ပုံရိုက်ခဲ့တာကြောင့်  ပြစ်တင်ဝေဖန်ခံနေရတဲ့ ထိုင်းဂေးလ်မော်ဒယ်တဦးက ထိုင်း Bright TV တီဗွီ ကနေ ပြည်သူတွေကို ပြန်တောင်းပန်ခဲ့ပါတယ်။

နောင့်နတ် ခေါ် နိဆာမနီး လို့ခေါ်တဲ့ နက်အိုင်ဒေါလ် (အင်တာနက်ရေပန်းစားသူ) ထိုင်းဂေးလ်မော်ဒယ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်နေ့ထိ မြန်မာနိုင်ငံ သွားရောက်လည်ပတ်ခဲ့ပြီး ရွှေတိဂုံဘုရားမှာ သူဝတ်ခဲ့တဲ့ ၀တ်စုံ၊ အပြုအမူ အပြောအဆိုတွေကြောင့် မြန်မာ လူမှုကွန်ရက်အသိုက်အ၀န်းမှာရော ထိုင်းမှာပါ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

သူ့ရဲ့ ရွှေရောင်နတ်သမီးဝတ်စုံဟာ ပခုံးဖော်၊ ရင်ညွန့်ဖော်ထားပြီး တနေရာမှာ ပေါင်တံေ ပ်ါပြီးထိုင်တဲ့ပုံတွေ  ထွက်ပေါ်လာသလို  ရွှေတိဂုံဘုရားပေါ်က ရွှေတွေဟာ သူတို့ အယုဒ္ဓယ ဆီ ကနေ လာရောက်လုယူသိမ်းပိုက်ထားတဲ့ရွှေတွေလို့  သူကပြောတဲ့အကြောင်းလည်း လူမှုကွန်ရ က်ပေါ် ပြန့်ခဲ့ပါတယ်။

အခုလို ဝေဖန်ခံနေရတဲ့အပေါ်မှာ သူက ရွှေတိဂုံဘုရားကို အဲဒီဝတ်စုံနဲ့ ဖူးမြော်ဖို့ အထူးစီမံ ချုပ်လုပ်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှာဆိုရင် သူက ပခုံးပေါ်၊ စကတ်တိုတွေ ၀တ်နေကျမို့  အဲဒီပုံစံနဲ့ ပတ်သက်ပြီး ပြဿ နာရှိမယ်လို့ လုံးဝမထင်မှတ်ထားကြောင်း၊ ဘုရားဖူးသွားတဲ့နေ့ကလည်း ဘယ်တာ ၀န်ရှိသူကမှ လာရောက်တားမြစ်ခြင်းမရှိသလို  အနီးနားရှိ ဘုရားဖူးတွေ၊ ပန်းသည်တွေကပါ လာရောက်ချီးကျူးပြီး ဓာတ်ပုံတွဲရိုက်ကြလို့ သူ့အနေနဲ့  မြန်မာပြည်သူတွေ ချစ်စရာကောင်းတယ်လို့  ဗွီဒီယို လိုက်ဖ်လုပ်ပြီး ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူ့ဝတ်စုံက လေးလံပြီး ဓာတ်ပုံတွဲရိုက်တဲ့လူတွေများတော့ မွန်းကြပ်လာပြီး ဘုရားထောင့်တနေရာမှာ ထိုင်ပြီးအနားယူခဲ့ကြောင်း၊ နားနေစဉ်  ဘယ်သူမှတွေ့မှာမဟုတ်ဘူးဆိုပြီး ထူထဲလေးလံတဲ့စကတ်ကို လှန်ပြီး လေသလပ်ခံနေတုန်း ဓာတ်ပုံခိုးရိုက်ခံရကာ နောက်တနေ့မနက် လူမှုကွန်ရက်မှာ အဲဒီပုံနဲ့ ဝေဖန်ပြစ်တင်ထားတာတွေ တွေ့ရတော့ ရှော့ခ်ဖြစ်သွားတယ်လို့ သူ ကပြောပါတယ်။

နောက်တစ်ခု အပြောခံရတာက အဲဒီညက  ရွှေတိဂုံဘုရားရဲ့ လှပခန့်ညားပုံကိုကြည့်ပြီး သူတို့ ထဲက တယောက်ယောက်က အဲဒါငါတို့ အယုဒ္ဓယကို လာသိမ်းတုန်းက ပါလာတဲ့ရွှေတွေလို့  အချင်းချင်းတီးတိုးနောက်ပြောင်လိုက်ကြောင်း၊ အဲဒီလို စနောက်နေတာ လိုက်ဖ်လွင့်နေတဲ့ ထဲပါ သွားပြီး တဆင့်စကား တဆင့်နားကနေတဆင့် သူများပြောတဲ့စကားက သူပြောတယ်ဆိုပြီး ဖြစ်သွား တာလို့ ဆိုပါတယ်။

သူကတော့ သမိုင်းဆိုတာ  နိုင်တဲ့ဘက်က တမျိုးရေးပြီး ရှုံးတဲ့ဘက်ကတမျိုးရေးတတ်ကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်က ဖြစ်ရပ်မှန်ကို ဘယ်သူမှမသိနိုင်ဘူးလို့ ပြောခဲ့ကြောင်း၊ ဒါပေမယ့် အဲဒီအချက်ကိုတော့ထည့် မပြောကြဘဲ ဘုရားပေါ်က ရွှေကိစ္စကိုသာ ဝေဖန် ပြစ်တင်နေကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူ့အနေနဲ့ အဲဒီပြစ်တင်ဝေဖန်မှုတွေအားလုံးကို သင်ခန်းစာအဖြစ်မှတ်ယူပြီး နောက်နောင် တခြားနိုင်ငံကို အလည်အပတ်သွားမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှုကို အရင်ေ လ့လာပြီးမှ ၀တ်စားဆင်ယင်မှု ဆင်ခြင်မယ့်အကြောင်း၊ မြန်မာပြည်သူတွေကို တကယ်တောင်း ပန်ကြောင်း Bright TV အင်တာဗျူးကတဆင့် ပြောကြားသွားပါတယ်။

ရုပ်သံ - ချယ်နယ် ၃၊ Bright TV ဖေ့စ်ဘွတ်ခ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013