DVB Logo
Home
မြန်မာသတင်း
ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်
DVB
·
February 14, 2017
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်မှာ မနေ့က ကျောင်းသား၊ ကျောင်းသူ ၁၀၀ ကျော် အစာအဆိပ်သင့်ခဲ့တဲ့အတွက် ကန်ကြီးထောင့်ပြည်သူ့ဆေးရုံ တက်ရောက်ကုသမှု ခံယူေူရပါတယ်။

ကန်ကြီးထောင့်မြိုနယ် ပေါ်တော်မူကွင်းယား အ.မ.က နဲ့ သရက်ချောင်း အ.မ.က ကျောင်းတွေက ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အလှူရှင်တဦး ကျွေးမွေးလှူဒါန်းတဲ့ ခေါက်ဆွဲကြော်စားသောက်ပြီး အော့အန်ဝမ်းသွားကာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တာကြောင့် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့ဆေးရုံကို တက်ရောက်ဆေးကုသမှု ခံယူခဲ့ရပါတယ်။

နေ့လယ် ၁၂ နာရီမှာ အလှူရှင်တဦးက ခေါက်ဆွဲကြော် ကျွေးမွေးခဲ့ပြီး ညနေစောင်းမှာ ကျောင်းသားအချို့ အော့အန်ပြီး ဝမ်းသွားတာတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကန်ကြီးထောင့် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ကြပါတယ်။ ရောဂါမပြင်းထန်တာကြောင့် မနက်မှာ ပြန်လည်ကောင်းမွန်သွားတဲ့အတွက် ဆေးရုံမှ အားလုံးပြန်လည်ဆင်းခွင့်ရပြီဖြစ်ပြီး ဖြေဆိုဖို့ သတ်မှတ်ထားတဲ့ စာမေးပွဲကိုတော့ ၁ ရက် နောက်ရွှေ့ခဲ့တယ်လို့ သရက်ချောင်း အ.မ.က ကျောင်းအုပ်ကြီး ဦးထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။

ဆေးရုံတက်ရောက်ခဲ့စဉ်မှာ ဆေးရုံက ဆရာ၊ ဆရာမတွေ အရက်ဘက်အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေ ဂရုတစိုက် ကြပ်မတ်ကုသပေးခဲ့ကြပြီး အန်ဖတ်နဲ့ ဝမ်းနမူနာတွေကို ဓာတုဗေဒ ပေးပို့စစ်ဆေးသွားမယ်လို့ ကန်ကြီးထောင့် အမှတ်-၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

နောက်ပိုင်းမှာလည်း ပြည်သူတွေကို အစားအသောက်သန့်ရှင်းရေးနဲ့ ဘေးကင်းရေး ထိရောက်တဲ့ အသိပညာပေးမှုတွေ ပြုလုပ်သွားဖို့ အစိုးရကို တိုက်တွန်းသွားမယ်လို့ ဦးစိုးမိုးထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013