DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်တွင် ကုန်တင်စက်လှေ တိမ်းမှောက်
DVB
·
February 14, 2017
ကနီမြို့နယ်တွင် ကုန်တင်စက်လှေ တိမ်းမှောက်
1 / 4
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မဲဒင်ကျွန်းအနီးမှာ ချင်းတွင်းမြစ်ကြောင်းတွင်း သွားလာနေတဲ့ ကုန်တင်စက်လှေတစင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက တိမ်းမှောက်ခဲ့ပါတယ်။

ပဲစိမ်းငုံအိပ်တွေ တင်ဆောင်လာတဲ့ စက်လှေဖြစ်ပြီး ရေလမ်းသွားလာစဉ် အမြန်ရေယာဉ်တစင်းကို ရှောင်လိုက်တဲ့အတွက် အခုလို ဖြစ်ပွားခဲ့တယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

"အမြန်ရေယာဉ် ရှောင်လိုက်လို့ မှောက်ကျသွားတယ်။ လူတွေကတော့ ဘာမှမဖြစ်ဘူး။ ကုန်တွေကတော့ ဆုံးရှုံးတာပေါ့"။လို့

တမ်းမှောက်ခဲ့တဲ့ စက်လှေဟာ မဲဒင်ကျေးရွာကနေ မုံရွာမြို့ကို ဆန်တက်မောင်းနှင်လာတဲ့ စက်လှေဖြစ်ပြီး အလျား ၃၀ ပေ နဲ့ အနံ ၆ ပေ အရွယ်ရှိတယ်လို့ သိရပါတယ်။

စက်လှေပေါ်မှာတော့ ပဲစိမ်းငုံအိတ် ၆၀ နီးပါးနဲ့ လူ ၅ ဦးလိုက်ပါလာပြီး တိမ်းမှောက်မှုကြောင့် အသေအပျောက်နဲ့ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

အခုအချိန်မှာတော့ ကယ်ဆယ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်ရှိနေပြီး စက်လှေနဲ့ ကုန်ပစ္စည်း တွေကို ဆယ်ယူနေပါတယ်။

အဆိုပါ ကျေးရွာအနီးမှာ အရင်ကလည်း ရေယာဉ်တွေ မကြာခဏတိမ်းမှောက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

သတင်း - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013