DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့နယ်တွင်း ဈေးများ၌ စည်းကမ်းမဲ့အမှိုက်ပစ်မှုကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရ
DVB
·
February 14, 2017
မြန်အောင်မြို့နယ်တွင်း ဈေးများ၌ စည်းကမ်းမဲ့အမှိုက်ပစ်မှုကြောင့် မီးဘေးအန္တရာယ် စိုးရိမ်ရ
Donate to DVB

 

မြန်အောင်မြို့နယ်တွင်းက ဈေးတွေမှာ စည်းကမ်းမဲ့ အမှိုက်ပစ်နေတာတွေကြောင့် ဒေသခံတွေက နွေရာသီမှာ မီးဘေးအန္တရာယ် စိုးရိမ်နေကြရပါတယ်။

မြန်အောင်မြို့နယ်မှာ နေခြည်ဈေး၊ တာဂွဈေး၊ သပြေကုန်းဈေး၊ ကနောင်ဈေး၊ ရွှေကျင်ဈေး၊ လက်ပံကွင်းဈေးနဲ့ အင်ပင်ဈေး စတဲ့ စည်ပင်ဈေး ၇ ခု ရှိပြီး အဲဒီထဲကမှ အင်ပင်ဈေး အမှိုက်ပုံဟာ အဆိုးဝါးဆုံး ဖြစ်ပါတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်ပင်ဈေးအနီးနေထိုင်သူ ကိုအောင်မြင့်စိုးက''အင်ပင်ဈေးက အမှိုက်တွေကို ဘူတာနားမှာ စုပုံစွန့်ပစ်ကြပါတယ်။ အခုလို စွန့်ပစ်အမှိုက်တွေကို တလတခါမီးရှို့ပါတယ်။ မီးရှို့ရာမှာ ညော်နံ့တွေ နံတာကတကြောင်း၊ လူနေအိမ်တွေနဲ့ နီးကပ်နေတာကတကြောင်း စွန့်ပစ်အမှိုက်တွေကပါလာတဲ့ ပလပ်စတစ်ကအများဆုံးဖြစ်ပြီး လေတိုက်လိုက်ရင် အဲဒီအမှိုက်တွေ ဟိုလွင့်ဒီလွင့်နေတာတွေကြောင့် မီးဘေးစိုးရိမ်နေကြရတာပါ''လို့ ပြောပါတယ်။

မြန်အောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးတင်ဦးကတော့ အမှိုက်စွန့်ပစ်ဖို့နေရာ မရှိတာတွေကြောင့် အခက်အခဲဖြစ်နေရတယ်လို့ ဒီဗွီဘီကိုပြောပါတယ်။

မြန်အောင်မြို့ နေခြည်ဈေး အမှိုက်စနစ်တကျစွန့်ပစ်ရေးကော်မတီ ဦးဇော်ထူးအောင်က “မြန်အောင်မြို့ပေါ် နေခြည်ဈေးမှာတော့ စနစ်တကျအမှိုက်တွေ စွန့်ပစ်နိုင်ရေးအတွက် စနစ်တကျ အမှိုက်စွန့်ပစ်ရေးကော်မတီဖွဲ့ပြီး အမှိုက်တွေစနစ်တကျ စွန့်ပစ်နိုင်ရေးလုပ်ငန်းတွေ အကောင်အထည် ဖော်နေတယ်”လို့ ပြောပါတယ်။

မြန်အောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုသူ က ''အခုလိုနွေရာသီတွေမှာ မြန်အောင် မြို့နယ်တွင်းက ဒေသတွင်းရှိ ဓာတ်ဆီဆိုင်တွေနဲ့ဈေးတွေထဲက မီးလောင်းလွယ်မယ့်အရာတွေ မြို့နယ်တွင်းက ဒေသအားလုံးမှာ မီးသတ်ဆေးရည်ဘူးတွေ အစရှိတဲ့ မီးဘေအန္တရာယ်ဖြစ်စေ လွယ်မယ့်အရာတွေကို စနစ်တကျရှိစေဖို့ လိုက်လံစစ်ဆေးမှုတွေ စတင်လုပ်ကိုင်နေပြီ”လို့ ပြောပါတယ်။

မြန်အောင်မြို့နယ် အင်ပင်မြို့မှာ ဒီနှစ်ဆန်းပိုင်း မီးလောင်မှု ၁ ကြိမ်နဲ့ မီးလန့်တာ ၃ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး မီးလောင်မှုတခုကြောင့် လူနေအိမ် ၁ လုံး ဆုံးရှုံခဲ့ရပါတယ်။ အရင်နှစ်တွေက အင်ပင်မြို့မှာ ၁ နှစ်ကို မီး ၁ ကြိမ်အနည်းဆုံးလောင်ကျွမ်းခဲ့ပြီး မီးလန့်တာ မကြာခဏဖြစ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း၊ ဓာတ်ပုံ - သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013