DVB Logo
Home
မြန်မာသတင်း
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်စာပေမြှင့်တင်လုပ်ဆောင်သည့် စသူလှိုင်ဝင်းအားချီးမြှင့်
DVB
·
February 14, 2017
ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်စာပေမြှင့်တင်လုပ်ဆောင်သည့် စသူလှိုင်ဝင်းအားချီးမြှင့်
Donate to DVB

 

၂၀၁၆ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ဧရာဝတီတိုင်တိုင်းက အနောက်ပိုးကရင် ယဉ်ကျေးမှုနဲ့စာပေ မြှင့်တင်ရေးအတွက် လုပ်ဆောင်သူ စသူလှိုင်ဝင်း (ခေါ်) စခန့်သူလှိုင်ဝင်းကို ရွေးချယ်ချီးမြှင့်လိုက်ပါ တယ်။

ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကို အမှတ်တရအနေနဲ့ သူ့ရဲ့သားသမီးတွေ ထူထောင်ထားတဲ့ ဖန်းဖောင်ဒေးရှင်းကနေ ၂၀၁၆အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို စသူလှိုင်ဝင်းအား ရွေးချယ်ချီးမြှင့် လိုက်တာပါ။

ဒီကနေ့ ကျရောက်တဲ့ ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း ၉ နှစ်ပြည့်အထိမ်း အမှတ်အခမ်းအနားအတွင်း ပေးအပ်ချီးမြင့်လိုက်တာဖြစ်ပါတယ်။

ဒီအခမ်းအနားကို ပဒိုမန်းရှာရဲ့ ဇာတိ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် တောကျောင်းရွာမှာ ပထမဆုံးကြိမ်ကျင်းပပြီး  ပုံတူရုပ်တု ဂုဏ်ပြု စိုက်ထူပြီး အခမ်းအနားကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

စသူလှိုင်ဝင်းဟာ အနောက်ပိုးကရင်ယဉ်ကျေးမှုနဲ့စာပေအဖွဲ့ကို တည်ထောင်သူတဦးဖြစ်ပြီး တောင်ကိုးရီးယားက ကရင်ရေးရာမှာ တက်ကြွလှုပ်ရှားသူတဦးဖြစ်တယ်လို့ ဖန်းဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။

စသူလှိုင်ဝင်းဟာ ကျုံပျော်မြို့နယ် ပန်းမြိုင်ကုန်းကျေးရွာမှာနေထိုင်ပြီး ၂၀၁၅ ခုနှစ် တောင်ကိုးရီးယားကနေ အိမ်ကိုပြန်လာပြီး ပိုးကရင် စာပေမြှင့်တင်ရေးတွေ၊ ယဉ်ကျေးမှုတွေမြင့်တင်ရေးအတွက်  ပိုးကရင် စာပေဆရာ၊ဆရာမတွေကို ခေါ်ပြီးတော့ ထောက်ပံကြေးတွေ၊ စာအုပ်စာပေ ထောက်ပံ့ပြီး အလှူငွေတွေ၊ ရံပုံငွေတွေ ကောက်ခံလုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အကုန်တော့မှာ ဧရာဝတီတိုင်းအတွင်း မြို့နယ် ၁၃ ခုက ကျောင်း ပေါင်း ၆၀ ၊ ကျောင်းသူကျောင်းသား ၃၀၀၀ ကို ပိုးကရင်စာပေးနဲ့ယဉ်ကျေးမှုတွေသင်ကြားပေးနိုင်ခဲ့ပါတယ်။

ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို  ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အသက် ၃၅ နှစ် ထက်မကျော်သေးတဲ့ ကရင်လူငယ်တွေကို ချီးမြှင့်တာဖြစ်ပြီး ဆုကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၀၀ ပေးအပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခု ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကိုတော့ ဘားအံအခြေစိုက် ကရင်ပညာရေး အတွက်လှုပ်ရှား ဆောင်ရွက်သူ စရှိုင်းကို  ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013