DVB Logo
Home
မြန်မာသတင်း
၆၊ ၁၀၊ ၁၂ ဘီးယာဉ်များပေါ်မှ ကျောက်စိမ်းတုံးများ ဖမ်းမိ
DVB
·
February 14, 2017
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီးမှာ လုံခြုံရေးတာဝန်ရှိသူတွေက ယာဉ်တစီးအား ရပ်တန့်စစ်ဆေးရာမှ တရားမ၀င် ကျောက်စိမ်းအရိုင်းတုံးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မိုးညှင်းမြို့အနီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကျောက်စိမ်းတူးဖော်ရေးဌာနခွဲ (မိုးညှင်း)မှ တာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မော်တော်ယာဉ်တွေကို သတင်းအရရှာဖွေ စစ်ဆေးစဉ် အခုလို ဖမ်းဆီးမိခဲ့တာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် ည ၈ နာရီခွဲ ဖားကန့်ဒေသကနေ နန့်ယား-မိုးကောင်း-မိုးညှင်း လမ်းကြောင်းအတိုင်း မန္တလေးဘက် ယာဉ်မောင်း ၈ ဦး၊ ယာဉ်နောက်လိုက် ၁၇ ဦးတို့ မောင်းနှင်စီးနင်းလိုက်ပါလာတဲ့ ၆ ဘီးယာဉ် ၅ စီး၊ ၁၀ ဘီးယာဉ် ၂ စီးနဲ့ ၁၂ ဘီး ယာဉ် ၁ စီးတို့ကို ရပ်တန့်စစ်ဆေးရာ ယာဉ်တွေပေါ်မှာ တရားမ၀င်တင်ဆောင်လာတဲ့ ကျောက်စိမ်းအရိုင်းတုံး ခန့်မှန်းအလေးချိန်တန် ၂၀ လောက်ကို ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၂ ရက် ညနေ ၃ နာရီလောက်ကလည်း နန့်ယား-ကာမိုင်း-မိုးကောင်း-မိုးညှင်းလမ်းအတိုင်း မန္တလေးဘက် ထွက်ခွာလာတဲ့ ယူဒီ ၁၂ ဘီးယာဉ် ၇ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကျောက်စိမ်း တူးဖော်ရေးဌာနခွဲ(မိုးညှင်း)မှ တာဝန်ရှိသူတွေ ပူးပေါင်း ရပ်တန့်စစ်ဆေးရှာဖွေရာ  ယာဉ် ၇ စီးအနက် တစီးပေါ်မှာ တရားမ၀င်တင်ဆောင်လာတဲ့ ကျောက်စိမ်းအရိုင်းတုံးခန့်မှန်းအလေးချိန် ၁ တန်ခွဲလောက်ကို ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူတွေ၊ တရားမ၀င်ကျောက်စိမ်းတုံးတွေနဲ့ ယာဉ်တွေကို မိုးညှင်းမြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013