DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မသန်စွမ်းများပါဝင်နိုင်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
February 14, 2017
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် မသန်စွမ်းများပါဝင်နိုင်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
1 / 4
Donate to DVB

 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မသန်စွမ်းသူတွေလည်း ပါဝင်ဆောင်ရွက်နိုင်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။

မနေ့ မနက်က တောင်ကြီးမြို့ကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မွေးနေ့အတွက် စူဠာမဏိစေတီတော်မှာ ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးနောက် ဘုရားဖူးတွေနဲ့ ဆုံတွေ့စဉ်   မြန်မာစာ ပထမနှစ် အဝေးသင် ကျောင်းသူ  မအဉ္စလီမွန်က   မြန်မာပြည်ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မသန်စွမ်းသူတွေ ပါဝင်ခွင့်ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ရာမှာဖြေကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က "ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မည်သူမဆို ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း၊ အခုလို ကျန်းမာသန်စွမ်းမှု အားနည်းသော်လည်း ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ ဘ၀ခရီးကို လျှောက်လှမ်းခဲ့သူတဦးအနေနဲ့လည်း ပါဝင်ဆောင်ရွက်နိုင်ပါကြောင်း" ပြန်လည်ဖြေကြားခဲ့ပါတယ်။

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှာ နေထိုင်တဲ့ မသန်စွမ်းကျောင်းသူ မအဉ္စလီမွန်က သူ့ရဲ့ အောင်လက်မှတ်ကို ပြသခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကြိုးစားအားထုတ်မှုကို ချီးကျူး အားပေးစကား ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013