DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် သာကေတရှိ မူလတန်းကျောင်းသား ၃၀၀၀ ကျော်ကို ပဲနို့တိုက်ကျွေး (သတင်းဓာတ်ပုံ)
DVB
·
February 14, 2017
Donate to DVB

ဗိုလ်ချုပ်အောင်ဆန်း ၁၀၂ နှစ်ပြည့်မွေးနေ့နဲ့ ကလေးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းက သာကေတမြို့နယ်ရှိ အခြေခံမူလတန်းကျောင်းသား ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပဲနို့အာဟာရတိုက်ကျွေးခဲ့ပြီး အလှူရှင်တွေကလည်း ကလေးတွေအတွက် ကျောင်းအသုံးအဆောင်တွေ၊ စားစရာတွေ၊ ကလေးပစ္စည်းတွေကို လာရောက်လှူဒါန်းခဲ့ပါတယ်။

ပဲနို့တိုက်ကျွေးတာကိုတော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းသားတွေကို ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဆက်လက်တိုက်ကျွေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ကစပြီး သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး မြေကွက်အမှတ် ၁၃ မှာ နေ့စဉ် ညနေ ၄ နာရီတိုင်း ကျောင်းသားတွေကို ပဲနို့အာဟာရ တိုက်ကျွေးသွားမှာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဟေမာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013