DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးမှုတွင် ကွင်းဆက်တရားခံအဖြစ် “စရဖ” တပ်မှ ဒုတပ်ကြပ် ၁ ဦးကို ဖမ်းဝရမ်းထုတ်
DVB
·
February 13, 2017
မူးယစ်ဆေးမှုတွင် ကွင်းဆက်တရားခံအဖြစ် “စရဖ” တပ်မှ ဒုတပ်ကြပ် ၁ ဦးကို ဖမ်းဝရမ်းထုတ်
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့က မူးယစ်ဆေးဖမ်းမိမှုမှာ ကွင်းဆက်တရားခံအဖြစ် “စရဖ” တပ်မှ ဒုတပ်ကြပ်တဦးကို ဖမ်းဝရမ်းထုတ်ပြန်ထားတယ်လို့ မြိတ်မြို့မ ရဲစခန်းက  ရဲစခန်းမှူး ဒုရဲမှူးမျိုးနိုင် ကပြောပါတယ်။

“အခုမူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူး သုံးစွဲတာနဲ့ပတ်သက်ပြီး နောက်ဆုံးဖမ်းမိတာကတော့ အောင်အောင်ပါ သူ့ထွက်ဆိုချက်အရ အခု မူးယစ်ဆေးဝါးတွေကို စရဖ က ဒုတပ်ကြပ်အဆင့်ရှိတဲ့ ဇော်ဇော်အောင်ဆိုတဲ့သူဆီက ဝယ်ယူခဲ့တယ် လို့လည်း သိရတယ်။ အဲဒါနဲ့ပတ်သက်ပြီး တပ်ဖွဲ့ဝင်ဖြစ်တဲ့အတွက်ကြောင့် တနင်္သာရီတိုင်းဒေသကြီး တပ်ဖွဲ့မှူးကို တင်ပြတယ်။ အဲဒါနဲ့ တပ်ဖွဲ့ဝင်အချင်းချင်းချိတ်ဆက်ပြီး စရဖတပ်က G1 ကိုယ်တိုင်ပါဝင်ပြီး သူနေထိုင်တဲ့ နေရာတွေ၊ ဝင်ထွက်သွားလာတဲ့နေရာတွေကို ရှာဖွေခဲ့တယ်။ အဲဒီလိုရှာဖွေတဲ့နေရာမှာ သူက ခွင့်မဲ့ပျက်ကွက်လုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျနော်တို့အခု သူသွားလာတတ်တဲ့ နေရာတွေနဲ့ နယ်စပ်နေရာတွေ သူ့ဓာတ်ပုံတွေဖြန့်ဝေထားပြီး တွေ့ရင် ဖမ်းဆီးဖို့အမိန့်ရထားပါတယ်။ ဒီအမှုမှာ စရဖက ဒုတပ်ကြပ်အဆင့်ရှိတဲ့ ဇော်ဇော်အောင် ပါဝင်ပတ်သက်နေတဲ့အတွက် သူ့ကို မူးယစ်ဆေးဝါးဥပဒေ ပုဒ်မသုံးခုနဲ့အမှုဖွင့်ထားပါတယ်။ တကယ်လို့ လိုက်လံဖမ်းဆီးလို့မတွေ့ရင်တော့ တရားခံပြေးအနေနဲ့ ပြုလုပ်ပြီး တရားစွဲပါ့မယ် အခုတော့ဖမ်းဆီးဝရမ်းထုတ်ထားပါတယ်”

မြိတ်မြို့၊ ကန်ခေါင်းရပ်ကွက် မြိုင်ဟေဝန်လမ်းမပေါ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူး သုံးစွဲနေတဲ့ သတင်းအရ ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်တွင် အမှတ်-၂ နယ်မြေရဲကင်းမှ သက်သေများနှင့်အတူ သွားရောက်ရှာဖွေဖမ်းဆီးရာ ရဲမာန်လှဦး(၂၀)နှစ်နဲ့ သန်းထိုက်(၃၆)နှစ်တို့ကို ရှာဖွေစစ်ဆေးရာ ရဲမာန်လှဦးရဲ့လက်တွင်းမှ WY စိတ်ကြွဆေးပြား ၈၄ ပြား၊ အသုံးမပြုရသေးတဲ့ ခဲပြားစ ၁ ခုနဲ့ မီးခြစ် ၁ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။

ရဲမာန်လှဦးနဲ့ သန်းထိုက်တို့ကို စစ်ဆေးခဲ့ရာ အခင်းမဖြစ်မီ ၂ နာရီခန့်က မြိတ်မြို့ အလွင်ကျေးရွာအုပ်စု ပုလဲဒီပါရပ်၊ စစ်ကိုင်းလမ်းနေသူ စွဲမြဲ(၂၁)နှစ်ထံမှ ဆေးပြား ၁ ပြားကို ၂၀၀၀ ကျပ်နဲ့ ၀ယ်ယူပြီး ၃၀၀၀ ကျပ်နဲ့ တဆင့်ပြန်လည်ရောင်းချကာ ကျန်ရှိတဲ့ ရာဘ ၈၄ ပြားဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ကွင်းဆက်တရားခံ "စွဲမြဲ"ကို သက်သေတွေနဲ့အတူ ရှာဖွေဖမ်းဆီးခဲ့ရာ   အပြာရောင်ဂျင်းဘောင်းဘီ ယာဘက်အိတ်အတွင်းမှ WY စိတ်ကြွဆေးပြား ၁၄၀၀ ပြား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထပ်မံဖမ်းဆီးရမိခဲ့တဲ့ "စွဲမြဲ"ဆိုသူကို ထပ်မံစစ်ဆေးရာ မြိတ်မြို့ မြို့သစ်ရပ် ဘီအိုစီ လမ်းသွယ်နေ မျိုးမြင့်(၄၅)နှစ်ဆိုသူနဲ့ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဗိုလ်ချုပ်လမ်း ပန်းခြံနောက်မှာ နေထိုင်တဲ့ အောင်အောင်(၃၈)နှစ်တို့နဲ့ ဆက်သွယ်ရောင်းဝယ်နေကြောင်းထွက်ဆိုတာကြောင့် မျိုးမြင့်နေအိမ်သို့ သွားရောက်ရှာဖွေဖမ်းဆီးရာ မျိုးမြင့်မှာ နေအိမ်တွင်မရှိဘဲ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရပါတယ်။

စွဲမြဲရဲ့ထွက်ဆိုချက်ထဲတွင်ပါဝင်တဲ့ ဆိပ်ငယ်ရပ်ကွက် ပန်းခြံအနီးနေထိုင်တဲ့ အောင်အောင် ကို မြိတ်လေယာဉ်ကွင်း ပန်းခြံအနီး ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေ ၅ နာရီခွဲ ပိတ်ဆို့ဖမ်းဆီးပြီး ကိုယ်ခန္ဓာအားရှာဖွေရာ ဘောင်းဘီအိတ်တွင်းမှ WY မူးယစ်ဆေးပြား ၁၉၈၄ ပြား ရှာဖွေတွေ့ခဲ့ပါတယ်။

အခုမူးယစ်ဆေးဝါး ကွင်းဆက်များနဲ့ပတ်သက်ပြီး ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ် ထွန်းထွန်းနိုင်က တရားလိုပြုတိုင်တန်းတဲ့အတွက် မူးယစ်ဆေးဝါးဥပဒေပုဒ်မ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ ရဲအုပ်တင်ထွဋ် မှ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မူးယစ်ဆေးမှုတွင် ကွင်းဆက်တရားခံအဖြစ် “စရဖ” တပ်မှ ဒုတပ်ကြပ် ၁ ဦးကို ဖမ်းဝရမ်းထုတ်