DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မွေးနေ့တွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းက ပဲနို့အဟာရတိုက်ကျွေး
DVB
·
February 13, 2017
ဗိုလ်ချုပ်မွေးနေ့တွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းက ပဲနို့အဟာရတိုက်ကျွေး
1 / 7
Donate to DVB

 

ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းက သာကေတမြို့နယ် အခြေခံမူလတန်းကျောင်းသား ၃၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်ပြည့် မွေးနေ့နဲ့ ကလေးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပဲနို့အဟာရတိုက်ကျွေးခဲ့ပါတယ်။

ပဲနို့အဟာရတိုက်ကျွေးတာအပြင် ကလေးတွေအတွက် ကျောင်းအသုံးအဆောင် စားစရာတွေ စတဲ့ ကလေးပစ္စည်းတွေကိုလည်း အလှူ ရှင်တွေက လာရောက်လှူ ဒါန်းခဲ့ပါတယ်။

ပဲနို့တိုက်ကျွေးမှုကိုတော့ ဒီနေ့မှစပြီး တိုင်းနဲ့ပြည်နယ်အသီးသီမှာရှိတဲ့ အခြေခံမူလတန်း ကျောင်းသား တွေကို ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဲ့ပူးပေါင်းပြီး ပဲနို့အဟာရဆက်လက်တိုက်ကျွေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနေ့မှစပြီး ကျောင်းသားတွေကို နေ့စဉ် သာကေတမြို့်နယ် ရှူခင်းသာလမ်းမကြီး မြေကွက်အမှတ် ၁၃ မှာ ညနေ ၄ နာရီတိုင်းကို ပဲနို့အဟာရတိုက်ကျွေးသွားမှာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ဟေမာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013