DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်ဓာတ်အားပေးစက်ရုံပြုပြင်ရန် ဂျပန်ယန်းငွေ ၁၀ ဘီလီယံကျော်ချေးယူမည်
DVB
·
February 13, 2017
လျှပ်စစ်ဓာတ်အားပေးစက်ရုံပြုပြင်ရန် ဂျပန်ယန်းငွေ ၁၀ ဘီလီယံကျော်ချေးယူမည်
Donate to DVB

 

ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဆည်တော်ကြီးရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ခုကို အလုံစုံပြုပြင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီကနေ ဂျပန်ယန်း ၁၀ ဒသမ ၇၈၇ ဘီလီယံ ချေးယူခွင့်ပြုဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ချေးငွေယူဖို့ကိစ္စ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တာဖြစ်ပြီး ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အတည်ပြုလိုက်တာပါ။

ကယားပြည်နယ်ရှိ ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၁၉၈၇ ခုနှစ်မှာ တည် ဆောက်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် စက်ရဲ့သက်တမ်းမှာ ၂၅ နှစ်အတွင်း အကြီးစားပြုပြင်ခဲ့တာမရှိဘူးလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဆိုပါ တယ်။

ဒါ့အပြင် ဆည်တော်ကြီးရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေနဲ့ ၁၉၈၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် စက်သက်တမ်းမှာ ၂၈ နှစ် အတွင်း အကြီးစားပြုပြင်တာမရှိခဲ့ဘူးလို့ ပြောပါတယ်။

“ဒီစက်ရုံနှစ်ခုကို အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်းဆောင်ရွက်ဖို့ စီးပွားရေးအရ လေ့လာဆန်းစစ်မှုတွေ ကို ဆောင်ရွက်တာမှာ ဓာတ်အားခတစ်ယူနစ် ထုတ်လုပ်ရောင်းချစရိတ် ၅၂ ကျပ်နှုန်းနဲ့ တွက်ချက်ရင် ဘဏ္ဍာရေး ဆိုင်ရာရင်းနှီးမြှပ်နှံမှုကနေ ပြန်ရနှုန်းဟာ ၈ ဒသမ ၇၃ ရာခိုင်နှုန်းရှိလာပြီး ဒီစက်ရုံနှစ်ရုံကနေ အမြတ်ရရှိနေမှာ ဖြစ်ပါတယ်” လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဆိုပါတယ်။

ချေးငွေရဲ့ သက်တမ်းမှာ ပြန်ဆပ်ကာလ ၃၀ နှစ်၊ ဆိုင်ငံ့ကာလ ၁၀ နှစ်၊ အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။

၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီလက်ကျန်အခြေအနေမှာ ကျပ် ၁၀၆၅၃ ဒ သမ ၀၀၇ ဘီလီယံရှိပြီး ပြည်ပကြွေးမြီနဲ့ GDP အချိုးဟာ ၁၃ ဒသမ ၁ ရာခိုင်နှုန်းရှိတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013