DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်အောင်ဆန်းပုံ တံဆိပ်ခေါင်းထုတ်ဝေမည်
DVB
·
February 13, 2017
ဗိုလ်ချုပ်အောင်ဆန်းပုံ တံဆိပ်ခေါင်းထုတ်ဝေမည်
Donate to DVB

 

နိုင်ငံခြားရေးဝန်ကြီးဌာန နှစ်(၇၀)ပြည့်မြောက်အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ပုံနဲ့ တံဆိပ်ခေါင်းကို ပထမဆုံးအကြိမ် ထုတ်ဝေမယ်လို့ နိုင်ငံခြားရေးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို လွပ်လပ်ရေး ကြိုတင်ပြင်ဆင်တဲ့ကာလ ၁၉၄၇ မတ်လ ၁၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာပြည်ရဲ့ ပထမဆုံးနိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူကတော့ ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နှစ်(၇၀)ပြည့် အခမ်းအနားတွေကို အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဆင်နွှဲကျင်းပသွားဖို့ရှိနေပါတယ်။

စိတ်ပါဝင်စားစုဆောင်းလိုတဲ့ တံဆိပ်ခေါင်းဝါသနာရှင်တွေအနေဖြင့်  မတ်လ ၁၇ ရက်နေ့မှာ အမြို့မြို့အနယ်နယ်ရှိ ဆက်သွယ်ရေး စာတိုက်စခန်းတွေမှာ ဝယ်ယူနိုင်တဲ့အကြောင်းနဲ့ တံဆိပ်ခေါင်းတန်ဖိုး (၅၀၀)ကျပ် ဖြစ်တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013