DVB Logo
Home
မြန်မာသတင်း
သမ္မတသီးသန့်ရန်ပုံငွေထဲက ရခိုင်လူမှုဘ၀ဖွံ့ဖြိုးတိုးရေး ကျပ်သန်း ၃၆၀၀ ကျော်သုံးစွဲရန် အတည်ပြု
DVB
·
February 13, 2017
သမ္မတသီးသန့်ရန်ပုံငွေထဲက ရခိုင်လူမှုဘ၀ဖွံ့ဖြိုးတိုးရေး ကျပ်သန်း ၃၆၀၀ ကျော်သုံးစွဲရန် အတည်ပြု
Donate to DVB

 

သမ္မတရဲ့ သီးသန့်ရန်ပုံငွေကနေ ရခိုင်လူမှုဘ၀ဖွံ့ဖြိုးတိုးရေးအတွက် ကျပ်သန်း ၃၆၀၀ ကျော်သုံးစွဲဖို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်အတည်ပြုပါတယ်။

ရခိုင်ပြည်နယ် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေကနေ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း ၁၈ ခု အတွက် သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ကျပ် ၃၆၅၆ ဒသမ ၈၂၀ သန်း ခွဲဝေသုံးစွဲမှာဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဘယ်လုပ်ငန်းစဉ်မှာမဆို ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှန်သမျှကို လက်ခံသွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ပြောပါတယ်။

“သက်ဆိုင်ရာ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ငန်းခွင်ကို အချိန်မရွေး လာရောက်ကြည့်ရှု စစ်ဆေးနိုင်မှာဖြစ်သလို ပြည်နယ်၊ ခရိုင်အဆင့်တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးတဲ့အခါမှာလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်တွေကို ဖိတ်ကြားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

သီးသန့်ရန်ပုံငွေသုံးစွဲရေးနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲများတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပါတယ်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သမ္မရဲ့ သီးသန့်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံ ရှိတဲ့အတွက် ၂၀၁၇ ဇန်န၀ါရီလကုန်ထိ ခွင့်ပြုပြီးပမာဏမှာ ကျပ် ၅၅ ဒသမ ၉၇၀ ဘီလီယံဖြစ်တဲ့အတွက် ကျပ် ၄၄ ဒသမ ၃၀ ကျန်ရှိသေးတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013