DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းလွှတ်တော်အမတ်တဦး လမ်းလျှောက်လာစဉ် ဆိုင်ကယ်တိုက်ခံရ
DVB
·
February 13, 2017
မကွေးတိုင်းလွှတ်တော်အမတ်တဦး လမ်းလျှောက်လာစဉ် ဆိုင်ကယ်တိုက်ခံရ
Donate to DVB

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦး လမ်းလျှောက်လာစဉ် မနေ့ညနေက ဆိုင်ကယ်တိုက်ခံခဲ့ရပြီး  ဦးခေါင်းနဲ့ ခြေလက်တွေမှာ ဒဏ်ရာရရှိသွားပါတယ်။

မြို့သစ်မြို့၊ ဗိုလ်မင်းရောင်ကားလမ်းမှာ ကွက်သစ်ရပ်ကွက်ဘက်မှ ဈေးရပ်ကွက်ဘက်သို့ မောင်တင်ဆွေ မောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းလျှောက်နေတဲ့  မြို့သစ်မြို့နယ် မဲဆန္ဒနယ် အမှတ်-၁၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေနဲ့ ဇနီးဖြစ်သူ အလယ်တန်းပြ ဆရာမ ဒေါ်ခင်စန်းဦး တို့ကို ၀င်ရောက်တိုက်မိခဲ့တာပါ။

ဆိုင်ကယ်တိုက်မှုကြောင့် ဦးသန်းဆွေမှာ ဦးခေါင်းနောက်စေ့ ဖူးရောင် ဒဏ်ရာ၊ ယာခြေသန်းစုတ်ပြဲ ဒဏ်ရာ၊ ယာလက်ပြင်ပွန်း ဒဏ်ရာများ (စိုးရိမ်ရ) နဲ့ ဒေါ်ခင်စန်းဦးတွင် ၀ဲခြေသလုံး ကြွက်သား အရေပြားပွန်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး မောင်တင်ဆွေမှာ ၀ဲ ပါးရိုးပွန်း ဒဏ်ရာ၊ မေးစေ့အောက် ပွန်းဒဏ်ရာ၊ ၀ဲ မျက်ခုံးအထက် ပွန်းဒဏ်ရာ၊ ၀ဲ ဒူးပွန်း ဒဏ်ရာ၊ ယာ လက်ကောက်ဝတ် ပွန်းဒဏ်ရာနှင့် နှာခေါင်း သွေးထွက် ဒဏ်ရာများ (စိုးရိမ်ရ) အသီးသီး ရရှိခဲ့ပါတယ်။

ဒဏ်ရာရသွားတဲ့ ဦးသန်းဆွေနဲ့ မောင်တင်ဆွေတို့ နှစ်ဦးကို မြို့သစ်ပြည်သူ့ဆေးရုံမှ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးကို လွှဲပြောင်း ဆေးကုသမှုခံယူရန် ဆောင်ရွက်နေယ်လို့ သိရပါတယ်။

ဆိုင်ကယ် မဆင်မခြင် မောင်းနှင်တဲ့  မောင်တင်ဆွေကို မြို့သစ် မြို့မရဲတပ်ဖွဲ့စခန်းက ပြစ်မှုပုဒ်မ ၃၃၇ / ၃၃၈ ဖြင့် ရဲအုပ် မင်းမင်းစိုးမှ တရားလိုပြုလုပ်၍ အမှုတွဲ ဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေပါတယ်။

သတင်း - ဗိုလ်ပြည့် (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013