DVB Logo
Home
မေးမြန်းခန်း
ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နှင့်​ စာနယ်ဇင်း​တွေ့​ဆုံပွဲအ​ပေါ် ​မေး​မြန်း​ချက်
DVB
·
December 16, 2011
ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နှင့်​ စာနယ်ဇင်း​တွေ့​ဆုံပွဲအ​ပေါ် ​မေး​မြန်း​ချက်
Donate to DVB

ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ဟာ ဒီ​နေ့​မွန်း​လွဲပိုင်း​က ရန်ကုန်၊​ ရှစ်မိုင်ရှိ စီး​တီး​ဟိုတယ်မှာ ပြည်တွင်း​စာနယ်ဇင်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။

[caption id="attachment_18925" align="alignright" width="300" caption="ဦးကိုကို (စက်မှု) "][/caption]

ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​အဖွဲ့​ ​ခေါင်း​ဆောင် ဦး​အောင်​သောင်း​က ပြည်တွင်း​စာနယ်ဇင်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​ရာမှာ သမ္မတက အပစ်ရပ်ဖို့​ စာပို့​ထား​ပေမယ့်​ တိုက်ပွဲ​တွေ ဘာ​ကြောင့်​ ဆက်လက်ဖြစ်ပွား​နေရတယ် ဆိုတာ အပါအဝင် ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို လက်ရှိအစိုး​ရ သက်တမ်း​အတွင်း​ အပြီး​ဆောင်ရွက်သွား​မယ့်​ အ​ကြောင်း​တွေ ​ပြောကြား​သွား​ခဲ့​ပါတယ်။

စာနယ်ဇင်း​တွေ့​ဆုံပွဲ တက်ခဲ့​တဲ့​ ရန်ကုန်မီဒီယာဂရုပ်ဖ်က ဥက္ကဋ္ဌ ဦး​ကိုကို (စက်မှု) ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

“အဓိကအချက်က​တော့​ သူတို့​ဒီအစိုး​ရ လက်ထက်တွင်း​မှာ​တော့​ ငြိမ်း​ချမ်း​ရေး​ကို အကုန်လုံး​ရ​အောင် လုပ်မယ်။ ၂ နှစ်၊​ ၃ နှစ်​တော့​ ကြာနိုင်တယ်။ အဲလို​တော့​ပြောတယ်။ ​နောက်တခုက တချို့​ အပြင်မှာ ​ပြောဆို​နေတာ​တွေ သမ္မတကြီး​က အပစ်အခတ် ရပ်စဲဖို့​၊​ တိုက်ခိုက်မှုမပြုဖို့​ လုပ်​ပေး​မယ်၊​ တိုက်ပွဲ​လေး​တွေ ဖြစ်​နေတဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​ပြောတာ တချို့​နေရာ​တွေမှာ ဘာဖြစ်လဲဆို​တော့​ တပ်​တွေအဆင့်​ဆင့်​ ညွှန်ကြား​တဲ့​အခါမှာ တပ်​တွေကို နယ်​မြေမှာ တကယ်လှုပ်ရှား​နေတဲ့​ သူတို့​ရဲ့​ တပ်​တွေဆီသွား​တဲ့​အခါမှာ ဒီအမိန့်​စာ​တွေဘာ​တွေ တချို့​တပ်​တွေမှာ ဆက်သွယ်​ရေး​ကိရိယာ​တွေ ဘာ​တွေ မရှိတဲ့​ တပ်ငယ်​လေး​တွေလည်း​ ရှိနိုင်တယ်။ ဒါ​ကြောင့်​ ဒီသတင်း​က အဲဒီကို မ​ရောက်နိုင်​သေး​တဲ့​ အခါမျိုး​မှာ သွား​လာလှုပ်ရှား​ရင်း​နဲ့​။ ဟိုဘက်ဒီဘက် သတင်း​ မရ​သေး​တဲ့​အခါမှာ နား​လည်မှု လွဲတာ​လေး​တွေ ရှိနိုင်ပါတယ်။ အဲလိုပဲ​ပြောတယ်။

နောက်တခုက ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ပွဲ​တွေက အား​လုံး​ပြီး​သွား​ရင် ပင်လုံညီလာခံထက် ကြီး​ကျယ်တဲ့​ ပြည်သူ့​ကိုယ်စား​လှယ်​တွေ​ရော တိုင်း​ရင်း​သား​ ကိုယ်စား​လှယ်​တွေ အကုန်လုံး​ပါတဲ့​ လွှတ်​တော်ကြီး​မှာပဲ အဲဒီငြိမ်း​ချမ်း​ရေး​ အဖွဲ့​တွေကို ​ခေါ်မယ်။ နိုင်ငံ​ရေး​ပညာရှင်​တွေ အား​လုံး​ဖိတ်ကြား​ပြီး​တော့​မှ ပင်လုံညီလာခံထက် ကြီး​ကျယ်တဲ့​ တိုင်း​ရင်း​သား​ဆိုင်ရာ ညီလာခံကြီး​ကို လုပ်​ပေး​သွား​မယ်။ ဒါက​တော့​ သူတို့​နောက်ဆုံး​အဆင့်​ပေါ့​။ ပြီး​သွား​ရင် ထာဝရ ငြိမ်း​ချမ်း​ရေး​ပေါ့​။ အဲ့​လို​ပြောသွား​တယ်။”

၂ နှစ်၊​ ၃ နှစ်​လောက် ကြာနိုင်တယ်ဆို​တော့​ လပိုင်း​အတွင်း​ မပြီး​နိုင်ဘူး​လား​။ ဘယ်လို​ကြောင့်​လဲ။

“လုပ်ငန်း​စဉ်က ကြာတယ်​ပေါ့​။ တဦး​နဲ့​တဦး​ နား​လည်မှု​တွေ တည်​ဆောက်တဲ့​ ကိစ္စ​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​ ဘယ်လိုလဲဆို​တော့​ အရင်တုန်း​က​တော့​ လုပ်တာက အား​လုံး​တခါတည်း​ ပြီး​ရင် သ​ဘောတူညီချက်တခု လက်မှတ်​ရေး​ထိုး​တယ်။ အခုကျ​တော့​ အဲလိုမျိုး​ မဟုတ်​တော့​ဘဲနဲ့​ အချက် ၂ ချက် သ​ဘောတူရင် ၂ ချက်ထိုး​တယ်။ ​နောက်ထပ် ၃ ချက်သ​ဘောတူရင် ၃ ချက်ထိုး​မယ်။ အဲဒါမျိုး​ သွား​မှာ။ အဖွဲ့​တဖွဲ့​နဲ့​ပဲ ဆို​စေ​ပေါ့​။ တကြိမ်ထိုး​ရုံနဲ့​ ပြီး​ချင်မှပြီး​မယ်။ ဒီတကြိမ်မှာ သ​ဘောတူတာ၊​ ဟိုဘက်နဲ့​ဒီဘက်နဲ့​ သ​ဘောတူတာ ၃ ချက်​တွေ့​ရင် ၃ ချက်ထိုး​သွား​မယ်။ အဲဒါအပြင် ​နောက်ထပ် သ​ဘောတူတာ ၂ချက်​တွေ့​ရင် ၂ ချက်ထပ်ထိုး​မယ်။ ရသ​လောက် အချိန်မှာ အစိုး​ရဘက်က အချိန်အတိုင်း​အတာ တခု​တော့​ ရှိမယ်။ နှစ်​ပေါင်း​များ​စွာ ဖြစ်လာတဲ့​ ပြဿနာတခု ဖြစ်တဲ့​အတွက် လက်ငင်း​ချက်ချင်း​ ပြီး​သွား​ဖို့​ ဆိုတာ​တော့​ လက်​တွေ့​မှာမလွယ်ဘူး​။ သို့​သော် သမ္မတကြီး​ကိုယ်တိုင်က သူတို့​လွှတ်​တော်အ​နေနဲ့​ ဆုံး​ဖြတ်ချက်ချထား​တော့​ ဒီအစိုး​ရ သက်တမ်း​မှာ​တော့​ အပြီး​အစီး​ ဖြစ်သွား​အောင်​တော့​ ​ဆောင်ရွက်သွား​မယ်။ ၃ နှစ်​လောက် လုပ်ငန်း​ကကြာနိုင်မယ်လို့​ သူတို့​က ​လော​လောဆယ် ခန့်​မှန်း​တယ်​ပေါ့​။ အဲဒါမျိုး​တွေ ​ပြောသွား​တယ်။”

ဗဟိုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ကော်မတီမှာ ဒွိဟဖြစ်​နေတာ ဦး​အောင်မင်း​ကလည်း​ တပိုင်း​ပါတယ်ဆို​တော့​ အခုသူတို့​ ဖွဲ့​စည်း​ပုံက အပြည့်​ထွက်သွား​ပြီလား​။

“အဲဒါလည်း​ပြောတယ်။ ဦး​အောင်မင်း​ကလည်း​ တဖွဲ့​ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ သို့​သော် တချို့​နေရာ​တွေမှာ နယ်​မြေ​တွေမှာ ကရင်ပြည်နယ်လိုမျိုး​မှာ ဦး​အောင်မင်း​က နယ်​မြေပိုကျွမ်း​တယ်။ အဲဒီမှာလည်း​ အကြာကြီး​လုပ်လာတယ်။ အဲဒါ​ကြောင့်​ သူတို့​က တာဝန်ကို မျှ​ဝေပြီး​တော့​ လုပ်တဲ့​သ​ဘော​ပေါ့​။ ဦး​အောင်မင်း​ကိုယ်တိုင်ကလည်း​ ပရဟိတလုပ်ချင်တဲ့​ ဆန္ဒရှိတယ်။ ငြိမ်း​ချမ်း​ရေး​ကို ​ဆောင်ရွက်လိုတဲ့​ ဆန္ဒလည်း​ရှိတယ်။ ​နောက်နယ်​မြေမှာ ကရင်ပြည်နယ်မှာလည်း​ ကျွမ်း​ကျွမ်း​ကျင်ကျင်နဲ့​ နား​လည်မှုရှိတဲ့​အတွက် သူ့​ကိုပဲ ​ဆောင်ရွက်ခိုင်း​တယ်​ပေါ့​။ အဲလိုသူ​ပြောသွား​တယ်။ အဲ​တော့​ ၂ ဖွဲ့​ခွဲ​ပေမယ့်​ တ​ယောက်နဲ့​တ​ယောက် ပြန်ပြီး​တော့​ ​ပေါင်း​စပ်ညှိနှိုင်း​ပြီး​ ​ဆောင်ရွက်​နေကြတာဖြစ်တယ်လို့​ အဲလို​ပြောသွား​တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013